Colgate Palmolive ၏ “ပြုံးပန်းဝေဆာ ရွှေမြန်မာ” လှူဒါန်းခြင်းအခမ်းအနား

Friday, January 18, 2019
Colgate Palmolive Co., Ltd.မှ ကျင်းပသော “ပြုံးပန်းဝေဆာ ရွှေမြန်မာ” လှူဒါန်းပွဲတွင် သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများ ဖြစ်သည့် သွားတိုက်ဆေး၊ သွားတိုက်တံများ အပါအ၀င် ပစ္စည်းအစုံပေါင်း ၁၀၀၀၀ လှူဒါန်းခြင်း အခမ်းအနားအား ပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲအား မှော်ဘီမြို့နယ်ရှိ တိုက်ကြီးကုန်း အခြေခံပညာ အထက်တန်းကျောင်း၌ Colgate Palmolive Co., Ltd. မှ တာဝန်ရှိသူများ၊ စာနယ်ဇင်း မီဒီယာမိတ်ဆွေများ၊ ပြည်သူချစ် သရုပ်ဆောင် ခိုင်နှင်းဝေနှင့် အတူ စာရေးဆရာမ ဒေါ်မေသင်္ကြန်ဟိန် တို့မှ တက်ရောက်ကာ လှူဒါန်းပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။
Colgate Palmolive Co., Ltd. အနေဖြင့် “ပြုံးပန်းဝေဆာ ရွှေမြန်မာ” လူမှုလှုပ်ရှားမှု အစီအစဉ်အား ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး၊ Colgate ချစ်သူများမှ Colgate Myanmar Facebook Page သို့ ပို့ပေးလာသော အပြုံးဓာတ်ပုံအရေအတွက်အတိုင်း သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများအား လိုအပ်သော နေရာများတွင် လှူဒါန်းသွားသည့် အစီအစဉ်အား စတင် ခဲ့ပါသည်။ ၂၀၁၈ တွင် ကျင်းပပြုလုပ်ခဲ့သော အဆိုပါ လူမှု လှုပ်ရှားမှု အစီအစဉ်တွင် အပြုံးဓာတ်ပုံပေါင်း ၉၀၄ ပုံ လက်ခံရရှိခဲ့ပြီး Colgate Myanmar မှ ၎င်း၏ Colgate ချစ်သူများအား ဂုဏ်ပြုသောအားဖြင့် သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းအစုံ ၁၀၀၀၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။