လူမှုကွန်ယက်ပေါ်မှာ သတိလက်လွတ် မှားခဲ့မိသူတွေ

Wednesday, January 16, 2019

    ဖေ့စ်ဘွတ်တို့ တွစ်တာတို့လို လူမှုကွန်ယက်တစ်ခုခုမှာ တင်ထားတဲ့ ပို့စ်ကို မနှစ်သက်တော့လို့ ဖြုတ်ချင်ဖြုတ်လိုက်လို့ ရပေမဲ့ ကိုယ်တင်ထားတဲ့ ပို့စ်ကို ကော်ပီကူးခံလိုက်ရတာ ဒါမှမဟုတ် screen shot ထိသွားတာဆိုရင်တော့ ကိုယ်မနှစ်သက်ပေမဲ့ ဖျောက်ချင်တိုင်း ဖျောက်မရတော့ပါဘူး။ စာလုံးပေါင်းအမှားတွေ၊ ဖိုတိုရှော့အမှားတွေ ဒါမှမဟုတ် လူသိရှင်ကြား မသိစေလိုတဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ သတိလက်လွတ်ဖြစ်ပြီး တင်လိုက်မိလို့ ဖုံးမနိုင်ဖိမရဖြစ်ခဲ့ရတဲ့ အကြောင်းအရာလေးတွေဟာ ၂၀၁၈ နှစ်အတွင်းမှာ နာမည်ကျော်တို့ ရရှိခဲ့တဲ့ သင်ခန်းစာတွေထဲက တစ်ခုလို့လည်း ဆိုနိုင်ပါလိမ့်မယ်။ အဲ့ဒီလို သင်ခန်းစာတွေကို ဘယ်သူတွေ ရရှိလိုက်သလဲဆိုတာကတော့…..
 

၁။ စာသား ရွေးချယ်မှု မှားရှာတဲ့ Lorde

Day Off သီချင်းရဲ့ အဆိုတော် Lorde ဟာ ဧပရယ်မှာ တင်ခဲ့တဲ့ အင်စတာဂရမ် ပို့စ်တစ်ခုအတွက် ပရိသတ်ရဲ့ တုန့်ပြန်မှုတွေ အများကြီးကို ခံခဲ့ရသူပါ။ သူမဟာ ‘ကိုယ်မင်းကို အမြဲတမ်း ချစ်နေမှာပါ။’ ဆိုတဲ့ စာသားနဲ့အတူ ရေချိုးကန်တစ်ခုကို ရိုက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။ တကယ်တမ်း သူမရည်ညွှန်းတာက အမေရိကန် အဆိုတော် သရုပ်ဆောင် Whitney Houston ကိုပါ။ တစ်နာရီလောက် ကြာတဲ့အခါမှာ သူမဟာ သူမတင်ခဲ့တဲ့ ပို့စ်ကို ဖြုတ်ပြီး  ‘စကားလုံး ရွေးချယ်မှုက တော်တော့ကိုမှ မှားခဲ့မိပါတယ်။ အဆင်မပြေ ခံစားခဲ့ရတဲ့ သူတွေကို တကယ်ဘဲ တောင်းပန်ပါတယ်။ ကျွန်မ ရေချိုးဖို့ စိတ်စောနေလို့ စာနဲ့ ဓာတ်ပုံနဲ့ အတူ တွဲပြီးတော့ ပို့စ်ကိုတင်ခဲ့လိုက်မိမှန်း မသိလိုက်ပါဘူး။ ကျွန်မက သိပ်မိုက်မဲတာပါဘဲ။ Whitney ကိုတော့ အမြဲထာဝရ ချစ်နေမှာပါ၊ ထပ်ပြီးတော့ တောင်းပန်ပါတယ်နော်။’ ဆိုပြီး တောင်းပန်စာ ရေးလာခဲ့ပါတယ်။ Houtson ဟာ ၂၀၁၂ ခုနှစ်တုန်းက လော့စ်အိန်ဂျလိစ့်မှာရှိနေစဉ် ရေချိုးကန်ထဲမှာ မတော်တဆ ရေနစ်မြုပ်သေဆုံးခဲ့တဲ့သူပါ။ သူမရဲ့ သမီး Bobbi Kristina ဟာလည်း နောက်ထပ်သုံးနှစ်အကြာမှာ သူမလို ထပ်တူအဖြစ်အပျက်မျိုးနဲ့ လိုက်ပါသေဆုံးခဲ့ပါတယ်။ ဒီလိုဆိုမှတော့ Lorde ရဲ့ ပို့စ်က ပွဲဆူပြီပေါ့နော်။

၂။ Dean Norris ရဲ့ တွစ်တာက အလွဲ 

    

Breaking Bad ဇာတ်ကားထဲက သရုပ်ဆောင် Dean Norris ဟာ လူမှုကွန်ယက်နဲ့ ပတ်သက်လို့ နည်းညွန်လမ်းပြ လုပ်ပေးတဲ့သူ လိုအပ်နေတဲ့အကြောင်းကို မေလမှာ တင်ခဲ့တဲ့ တွစ်တာက ပို့စ်အရ သိခဲ့ရပါတယ်နော်။ သူက ‘sex gifs’ ဆိုတဲ့ စကားလုံးနဲ့ တွစ်လာပါတယ်။ တကယ်တော့ Dean Norris ဟာ သူ့ရဲ့ တွစ်တာအကောင့်ထဲက ဖော်လိုဝါတွေကို ညစ်ညမ်းတဲ့ပုံတွေ ရှာနေတဲ့အကြောင်း ပို့စ်တင်ပြီး အသိပေးလိုက်တာတော့ မဟုတ်ပါဘူး။ သူက ရှာဖွေရေးလုပ်တဲ့ လုပ်ဆောင်ချက်တစ်ခုကို အသုံးပြုတဲ့နေရာမှာ မှားသွားခဲ့တာပါ။ သူ့ရဲ့ ပရိသတ်တွေကတော့ ရယ်ရတဲ့ GIFS တွေနဲ့ တုန့်ပြန်ခဲ့ကြပါတယ်။ ပြီးတော့ Norris ကလည်း အဲ့ဒီပို့စ်ကို မဖျက်ဘဲ ဒီအတိုင်း ထားရှိဆဲပါ။ အကြီးအကျယ် ထိခိုက်သွားတာတွေ မရှိတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Norris ဟာ လူမှုကွန်ယက်နဲ့ ပတ်သက်လို့ ပိုပြီးကျွမ်းကျင်လာတာကို တွေ့ရပါတယ်။ မကြာသေးခင်က သူတင်ထားတဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေမှာတော့ အားကစားနဲ့ဆိုင်တဲ့ ပွဲတွေရယ်၊ သူ့ရင်သွေးတွေရယ်နဲ့ ဝေဆာစည်ကားနေတာပေါ့။

၃။ အမှုမဲ့ အမှတ်မဲ့ Fernanda Flores

နိုဝင်ဘာမှာတုန်းက ’90 Day Fiance’  မင်းသမီး Fernanda Flores ဟာ သူမရဲ့ အင်စတာဂရမ် လိုက်ဖ်မှာ သူမရဲ့ ပါတနာ Jonathan Rivera ရဲ့ အများအမြင်သင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ပါဝင်နေခဲ့တာကို သတိမပြုမိဘဲ အမှု့မဲ့ အမှတ်မဲ့ တင်မိသွားပါတယ်။ သိပ်မကြာခင်မှာဘဲ 90 Day Fiance ဇာတ်ကား ဖေ့စ်ဘွတ်ဖန်ပေ့ခ်ျရဲ့ အဖွဲ့ဝင်တွေ တော်တော်များများဟာ အဲ့ဒီလိုက်ဖ်ထဲက တချို့သော အပိုင်းကို Screenshoot ပြီးတော့ တခြားဂရုတွေမှာ တင်ခဲ့ကြလို့ အက်ဒမင်က ယာယီဖြုတ်ချလိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ Flores ဟာ သူမရဲ့ အကောင့်ကနေ ‘ကျွန်မရဲ့ မဟာအမှားကြီးအတွက် နင့်နင့်နဲနဲတောင်းပန်တာကို ရှင်သိစေချင်ပါတယ်။’ ဆိုပြီး တောင်းပန်စကား ရေးသားထားပါတယ်။ သူ့ရဲ့ အမှုမဲ့ အမှတ်မဲ့က တစ်ဖက်လူကို အရှက်ကွဲစေခဲ့ရပါတယ်။

၎။ နားလည်မှု လွဲခံရတဲ့ Gal Gadot

    ‘Wonder Woman’ ရဲ့ ငွေကြယ်ပွင့် Gal Gadot တစ်ယောက်ဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သိပ္ပံပညာရှင်ကြီး Stephen Hawking အား ဂုဏ်ပြုချီးကျူးတဲ့ ပို့စ်တစ်ခုကို တွစ်တာမှာ တင်ခဲ့ပြီးတဲ့နောက်မှာတော့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခံခဲ့ရပါတယ်။ မတ်လမှာတုန်းက သူမဟာ ‘ ငြိမ်းချမ်းစွာ အနားယူပါတော့ Dr. Hawking။ အခုဆိုရင် ရူပဗေဒနဲ့သက်ဆိုင်တဲ့ ဘယ်လိုဖိအားမျိုးမဆိုကနေ ကင်းလွတ်သွားပြီပေါ့။ ဒေါက်တာရဲ့ ထူးချွန်ထက်မြက်မှုတွေ၊ ကြီးကျယ်ခမ်းနားတဲ့ အသိဉာဏ်ပညာတွေကို အမြဲတမ်းအတွက် ချစ်ခင်လေးစားနေကြမှာပါ။’ ဆိုပြီး တွစ်တာမှာ ရေးသားခဲ့တာပါ။ Gadot ကတော့ သူမချစ်ခင်လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ရေးသားထားတာဆိုပေမယ့် လူမှုကွန်ယက်မှာရှိနေကြတဲ့ အများအပြားသောလူတွေဟာ သူမရဲ့ ခံစားချက်တွေကို နားလည်အသိအမှတ်ပြုတာမျိုးမရှိခဲ့ကြဘဲ မသန်စွမ်းတွေကို ခွဲခြားဆက်ဆံတတ်သူတစ်ယောက်အဖြစ် သတ်မှတ်ပြီး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

၅။ ရှေ့နောက်မညီတဲ့ စကားလုံးတွေနဲ့ Lena Dumham

Dunham ဟာ သူမရဲ့ ရည်ရွယ်ရင်းကတခြား ထွက်လာတာကတခြားဖြစ်နေတတ်တဲ့ ဗလုံးဗထွေးစကားတွေနဲ့ ပတ်သက်လို့ မကြာခဏဆိုသလို တောင်းပန်ရတဲ့သူပါ။ လွန်ခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း အဲ့ဒီလို တလွဲတချော်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ သူမက တွစ်တာမှာ ‘တိရစ္ဆာန်လေးတွေကို လျှာချင်းပွတ်သပ်ထိတွေ့ပေးရတဲ့ ပြင်သစ်အနမ်း မှန်မှန်မပေးတဲ့ ဘယ်တစ်ယောက်ကိုမဆို ဘယ်တော့မှ မယုံပါနဲ့။’ ဆိုပြီး တွစ်လာခဲ့ပါတယ်။ သူမရဲ့ ပို့စ်အောက်မှာ ဆန့်ကျင်ဘက် အဓိပ္ပာယ်ရတဲ့ တုန့်ပြန်မှုတွေကို မြင်ရတော့မှ သူမဆိုလိုချင်တာက ကယ်ဆယ်စောင့်ရှောက်ထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေက ရှင်တို့ကို နမ်းတဲ့အခါ ခွင့်ပြုပေးစေလိုတဲ့အကြောင်း ရေးထားတာပါဆိုပြီး ပြန်လည်ရှင်းလင်းထားပါတယ်။
    လက်ရှိမှာတော့ ဖျက်ပြစ်လိုက်ပြီဖြစ်တဲ့ အဲ့ဒီပို့စ်ဟာ ဟာသတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလိုပြောပြီး တစ်နှစ်အကြာလောက်မှာ Dunham ဟာ သူမစောင့်ရှောက်မွေးမြူထားတဲ့ ခွေးလေး Lamby ကို သူမ ဆက်လက်မကြည့်ရှုနိုင်တော့တဲ့အကြောင်း ကြေငြာခဲ့တာမို့ပါ။ သူမဟာ ခွေးငယ်လေးရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရတာကြောင့် သူမရဲ့ ခွေးလေးကို လော့စ်အိန်ဂျလိစ့်ကို ပြောင်းရွှေ့ပေးမှ ဖြစ်တော့မယ့်အကြောင်း ရေးသားလာခဲ့ပြန်ပါတယ်။ သူမရဲ့ ရှေ့နောက်မညီတဲ့စကားတွေကို တွစ်တာပို့စ်တွေမှ တွေ့မြင်ခဲ့ကြရတာဘဲ ဖြစ်ပါတယ်။
 

၆။ ဖိုတိုရှော့မှာ ထပ်လွဲပြန်တဲ့ Kardashian

Kardashian ညီအစ်မတွေရဲ့ ဓာတ်ပုံတွေထဲမှာ ပြန်လည်ပြင်ဆင်ထားခြင်းမရှိတဲ့ပုံဆိုတာ တော်တော်လေးကို ရှာရခက်ပါတယ်။ ပြန်လည်ပြင်ဆင်ထားပါရက်နဲ့ အလွဲလွဲအချော်ချော်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေဆို ရှာရဖွေရ ပိုခက်တာပေါ့နော်။ အဲ့ဒီလို ခက်တဲ့ကြားထဲက အလွဲရှာရတဲ့သူတွေဆိုတော့ လွဲနေတာလေးတော့ တွေ့ရတာပေါ့လေ။ Khole Kardashian ဟာ သူမနဲ့ သူမသမီးလေး True Thompson ရဲ့ ဓာတ်ပုံကို ‘moon of my life’ ဆိုတဲ့ စာသားနဲ့တွဲကာ သိပ်မကြာသေးခင်ကမှ တင်လာခဲ့တာပါ။ သူမဘဝရဲ့ လမင်းလို့ သူမသမီးလေးကို ညွှန်းဆိုထားတဲ့ ဓာတ်ပုံရဲ့ နောက်ခံကတော့ နေဝင်ရီတရောအချိန်ဖြစ်နေခဲ့ပါရောလား။

သမီးနဲ့ အမေရဲ့ ချစ်ခင်ဖွယ်ရာ ဓာတ်ပုံလေးဆိုပေမဲ့ Khole ရဲ့ ဆံပင်တချို့ဟာ ဓာတ်ပုံရဲ့ နောက်ခံရှုခင်းထဲမှာ ပျောက်ကွယ်နေတာကို သတိထားကြည့်ရင် တွေ့မြင်နိုင်ပါတယ်။ အင်စတာဂရမ်က ပရိသတ်တချို့ကတော့ သူမရဲ့ခါးက သဘာဝမကျစွာ သွယ်လျနေတဲ့အကြောင်းကို ထောက်ပြပြောဆိုခဲ့ကြပါသေးတယ်။

Ref: Celebrities' big social media slip-ups and mistakes in 2018

By Carly Mallenbaum