Zozam အသေးစားငွေချေး ကုမ္ပဏီသည် Oradian ၏ နိုင်ငံတကာ အသေးစားငွေချေး လုပ်ငန်းများကွန်ရက် နှင့်အတူ မြန်မာပြည်တွင်း ဈေးကွက်ထိုးဖောက်ဝင်ရောက်

Tuesday, September 11, 2018

မြန်မာနိုင်ငံရှိ Zozam အသေးစားငွေချေး ကုမ္ပဏီ (ZMF) သည် Oradian ၏ နိုင်ငံတကာ အသေးစားချေးငွေလုပ်ငန်းများ အဖွဲ့အစည်း တွင်ပူးပေါင်း ပါဝင်လိုက်ပြီ ဖြစ်သည်။
Oradian သည် ZMF နှင့်အတူ သြဂုတ်လ တစ်လျှောက်လုံးတွင် ၄င်း၏ ဆုရရှိထားသော Cloud အခြေခံ နည်းပညာကို အကောင်အထည် ဖော်ခဲ့သည်။ စွမ်းဆောင်ရည် စီမံခန့်ခွဲမှု နှင့် အသုံးပြုသူ ကာကွယ်စောင့်ရှောက်ရေး နယ်ပယ်များရှိ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းနယ်ပယ်ဆိုင်ရာ ၀န်ထမ်းများကို လေ့ကျင့်ပေးပြီး ၄င်းက လုပ်ငန်းစဉ်များကိုလည်း အဆက်မပြတ် ပြန်လည် သုံးသပ်လျက်ရှိသည်။
ZMF သည် ၄င်း၏ ဌာနခွဲများမှ တစ်ဆင့် ၀န်ဆောင်မှုပေးလျက်ရှိသော Client ပေါင်း (၁,၅၀၀) တွင် ရက်ကန်းသည်များ၊ ဈေးဆိုင်ဖွင့်လှစ်လုပ်ကိုင်သူများ၊ အသားငါးရောင်းသူများ၊ အနှေးယာဉ်လုပ်သားများ၊ အပ်ချုပ်သမားများ၊ ဆံသဆရာများ ပါဝင်လျက်ရှိပြီး ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်။