ချစ်ခြင်းကို ပျက်ပြားစေတဲ့ မျှော်လင့်ချက်များ

အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ဖက်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်မလိုအပ်တဲ့အချိန်ဆိုတာ  မရှိသလောက်ပါပဲ။ ခက်ခဲတဲ့အချိန်မှာ ကိုယ့်အိမ်ထောင်ဖက်ရဲ့ စိတ်အားဖြည့်မှုတွေလိုသလို၊ အလုပ်က ကျင်းပတဲ့ ကိုယ့်အတွက်ပျင်းစ ရာ  ကောင်းတဲ့ ပွဲတစ်ခုကို မဖြစ်မနေတက်ရမယ်ဆိုလည်း  ကိုယ့်စကားပြောဖော် အနေနဲ့ လိုအပ်ပြန်ပါ သေးတယ်။ ဒါပေမဲ့လည်း အိမ်ထောင်ဖက်ကို ကိုယ်ပိုင်တဲ့ အရာတစ်ခုလိုသဘောထားပြီး တောင်းဆိုတာ၊ စိန်ခေါ်တာ တွေ  သိပ်မများ သင့်ပါ  ဘူး။ ဆင်ဆင်ခြင်ခြင်လေးဖြစ်စေဖို့ ဘယ်လို မျှော်လင့်ချက်တွေကတော့ သင်တို့နှစ်ယောက်ကြား က ချစ်ခြင်းကို  ပျက်ပြားေ စနိုင်  တဲ့အကြောင်း ပြောပြချင်ပါတယ်။

၁။ သူ့အမေ နဲ့ ကိုယ်နဲ့ တစ်ယောက်ယောက်ကို ရွေးခိုင်းတာမျိုး…

သင်နဲ့ သင့်ယောက္ခမ နဲ့ ကိစ္စတစ်ခုခု ဖြစ်တိုင်းမှာ သူမ ကို ပဲ ဦးစားပေးကောင်းပေးနိုင်ပါတယ်။    သူမက သူ့ကို ဒီကမ္ဘာလောကထဲကို ခေါ်ဆောင်လာခဲ့သူဆိုတာကို  သင်လက်မခံချင်လည်း လက်ခံရပါလိမ့်မယ်။ ကိုယ့်အိမ်ေ ထာင်  ဖက်မောင်းတဲ့ကားကို သင့်ယောက္ခမက ဘေးက ထိုင်လိုက်ချင်တဲ့ကိစ္စလေးနဲ့ နှစ်ယောက်သား စကားများကြမယ်ဆို သူ့ အတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးတော့ သူ့အမေနဲ့ သူနဲ့ကြားမှာ ဘာမှမဖြစ်ဘဲ သင်နဲ့   သင့်အိမ် ထောင်ဖက်ကြားမှာပဲ အစိုင်အခဲဖြစ်လာနိုင်ပါတယ်။
ဒီနေရာမှာ ချစ်မှုရေးရာကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့အကြံပြုချက်ကတော့မကြာခဏမကျေမနပ်ဖြစ်လာတဲ့ အခါ   ကိုယ့်အတွေးကိုနည်းနည်း   ပြောင်းကြည့်ပါတဲ့။ ဒီပြဿနာမှာ  ငါဒီလိုမလုပ်လိုက်ရရင်  သေသွားနိုင်လားလို့   ပြောင်းတွေးကြည့်ပါတဲ့။ အဓိပ္ပာယ်သိပ်မရှိဘူးထင်ရပေမဲ့ တချို့ကိစ္စတွေမှာ အခြားအရာတွေကို ထည့်သွင်းစဉ်းစားပြီး   အလျှော့ပေးသင့်ရင်ပေးလိုက်ပါ။  ဘယ်လိုမှသည်းမခံနိုင်တဲ့ အခြေအနေဆိုရင်တော့ အိမ်ထောင်ဖက်နဲ့  နှစ်ယောက်တ ည်း ဆွေးနွေးကြည့်ပါ။ ဆွေးနွေးတဲ့အချိန် သင့်ဆီမှာ ဖြစ်နိုင်တဲ့ ဖြေရှင်းနည်းတွေ ရှိထားဖို့တော့ လိုပါတယ်။

၂။ မိန်းကလေး သူငယ်ချင်းတစ်ယောက်လို နားထောင်ပေးမယ်လို့ မျှော်လင့်ထားတာမျိုး…

သင်တကယ်ကို စိတ်ရှုပ်နေတဲ့အချိန်၊ စိတ်ပင်ပန်းနေချိန်မှာတော့ သူက သင်ရင်ဖွင့်သမျှကို သေချာပေါက် နားထောင်ပေး  မှာပါ။ ဒါပေမဲ့ နည်းနည်းမကျေနပ်တာရော၊ များများမကျေနပ်တာရောကို တတွတ်တွတ်ပြောသမျှ၊ ရင်ဖွင့်သမျှကို   နားထောင် ပေးနိုင်မှာတော့မဟုတ်ပါဘူး။ ယောက်ျားတွေဟာ ပြဿနာကိုအဖြေရှာဖို့၊ ပြင်ဆင်ဖို့ အတွက်သာ  အာရုံရှိေ လ့ ရှိပြီး မိန်းမတွေကတော့ ခံစားရသမျှကို ထုတ်ဖော်ပြောဆို ပြီး ခံစားချက်နဲ့ ဆက်ဆံပြောဆို လေ့ရှိပါတယ်။
ဒါကြောင့်အကယ်၍များ သင်က သင်ခံစားရသမျှကို ရင်ဖွင့်ချင်တာသာဖြစ်ပြီး နားထောင်သူဆီက ဘာအကြံဥာဏ်မှ  မယူလိုဘူး ဆိုရင်တော့ သင်ရင်ဖွင့်ဖို့ မိန်းကလေး သူငယ်ချင်းတစ်ယောက်ကိုသာရှာလိုက်ပါ။ ယောက်ျားရေ… နားပဲနား  ထောင်၊ ဘာမှအကြံမပေးနဲ့ဆိုရင်တော့ သူလည်း နားထောင်ရတာစိတ်ပါမှာမဟုတ်သလို၊ သင်လည်းအရုပ်ကြီးနဲ့   စကားပြောသလိုခံစားရပါလိမ့်မယ်။

၃။ အခြားသော အမျိုးသမီးတစ်ယောက်ယောက်ကို သတိလုံးဝမပြုမိသလို ဖြစ်စေချင်တာမျိုး…

ကဲ.. သင်ကရော သင့်မျက်စိရှေ့ရောက်လာတဲ့  ဆွဲဆောင်မှုရှိတဲ့  အခြားယောက်ျားတစ်ယောက်ယောက်ကို သတိမထား မိလိုက်တာမျိုး ရှိဖူးသလား။ အိမ်ထောင်ပြုလိုက်တယ်ဆိုတာဟာ မျက်စိကို   ကိုယ့်အိမ်ထောင်ဖက်ပဲမြ င် စေ ဆိုပြီး   အင်္ဂတေ ကိုင်လိုက်တာမျိုးမဟုတ်ပါဘူး။ သင်မျက်စိလည်း ဆွဲဆောင်မှုရှိတဲ့   အခြားယောက်ျားတစ် ယောက်  ယော က်ကို မြင် တတ်သလို၊ သူမျက်စိလည်း လှတဲ့ချောတဲ့ အခြားအမျိုးသမီးတစ်ယောက်ယောက်ကို  ကျော်ခွသွားဖို့ မမျှော်လင့်လိုက်  ပါနဲ့။
ကြည့်ရုံသက်သက်ကိုတော့ ခွင့်ပြုလိုက်ပါလေ။ သူက ဟိုချောချောအမျိုးသမီးကို ကြောင်တာ၊ ပြီတီတီလုပ်တာ၊ ဖုန်း နံပါတ်တောင်းတာ စသဖြင့် စည်းလွတ်ဝါးလွတ်မဟုတ်ခဲ့ဘူးဆိုရင်တော့ အကန့်အသတ်မရှိကြည့်ခွင့်ပေးလိုက်ပါ။

၎။ သူ့စိတ်အားထက်သန်မှုတွေကို စွန့်လွှတ်ခိုင်းတာမျိုး…

သင့်ခင်ပွန်းရဲ့ စိတ်ဝင်စားရာ ဒါမှမဟုတ် ဝါသနာဆိုတာ သင့်လိုပဲ သူ့ဘဝရဲ့ အစိတ်အပိုင်းပမာ အရေးကြီးတဲ့ အရာတစ်ခု ပါ။ ဒါကြောင့် အဲဒီ့အရာတွေနဲ့ သူ့အချိန်တွေကုန်ဆုံးတယ်ဆိုရင် သင်သည်းခံလိုက်ရုံပါပဲ။ အရေးကြီးတာက မျှမျှတတရှိ ဖို့ပါပဲ။ မိသားစုအချိန်ဆိုတာပဲ့ပါမသွားဘူး၊ သင်နဲ့လည်း ချစ်ချစ်ခင်ခင်အချိန်လေး တွေ မပျောက်ဘူး၊ သူဝါသနာပါတဲ့အရာ တွေကိုလည်း အချိန်ပေး နိုင်တယ်ဆို သူ့ဘဝလည်းသာယာတာပေါ့။

၅။ သူ့ကို အခြားတစ်ယောက်လိုဖြစ်ဖို့ မျှော်လင့်တာမျိုး…

ဒါက ချစ်သူသက်တမ်းရင့်တဲ့ စုံတွဲတွေ၊ အိမ်ထောင်သက်ရင့်လာတဲ့ စုံတွဲတွေမှာ ဖြစ်လေ့ဖြစ်ထအများဆုံးပါ ။ ကမ္ဘာလော က ကြီး ထဲ ဒီလိုလူကိုမှ ဘာလို့ လက်ထပ်မိပါလိမ့်ပေါ့။ ဒါပေမဲ့သေချာသိထားဖို့က သင်မကြိုက်တဲ့အချက်တွေရှိနေတဲ့  သင့်ခင်ပွန်းမှာ သင်ကြိုက်တဲ့ အချက်တွေလည်း ကျောချင်းကပ်ရှိနေမယ်ဆိုတာပါပဲ။ ကလေးတွေ ကျောင်းပို့ကျောင်းကြို  လုပ်ဖို့ အချိန်သိပ်မှန်တဲ့ ခင်ပွန်းကို ညစာထမင်းစားဖို့ နောက်ကျရုံနဲ့ ပြဿနာမလုပ်သင့်ဘူးမလား။  အဲဒီတော့  တော်တော်ဆိုး ဆိုးရွားရွားဖြစ်နေတဲ့အခြေအနေတွေဆို သေချာပြောပြီး တစ်ဆင့်ချင်း ညှိနှိုင်းယူ တာ ရလဒ်ကောင်း  ရစေပါ လိမ့်မယ်။

၆။ သူ့သူငယ်ချင်းတွေနဲ့ အဆက်အဆံကျဲစေချင်တာမျိုး…

သင်နဲ့သူ့ရဲ့ အိမ်ထောင်သက်တမ်းက ဘယ်လောက်ပဲရှိနေပါစေ။ သူ့မှာ ပြင်ပ ရင်ဖွင့်ထုတ်စရာ သူငယ်ချင်းဆိုတာ လည်း လိုကိုလိုအပ်ပါတယ်။ ဘယ်လောက်ပဲ နှစ်ကိုယ့်တစ်စိတ် အိမ်ထောင်ဖက်တွေလို့  ဆိုစေဦးတော့၊ အဲဒီ့လို  သူငယ်ချင်းမျိုး လိုကိုလိုအပ်တာပါ။ အဲဒီ့သူငယ်ချင်းနဲ့ သူစိတ်ဝင်စားတဲ့အကြောင်း၊ သူ့ခံစားချက်၊ သူ့ပူပန်မှုတွေ  သူ ပြောမှာပေါ့။ ဒီလိုရင်းမြစ်တွေနဲ့ သင်ကဖြတ်ထုတ်ချင်တယ်ဆို သူဟာ တဖြည်းဖြည်းပျော်ရွှင်မှုတွေ လျော့ပါး လာလိမ့် မယ်။ အဲဒီ့ခံစားချက်က သူ့ကတဆင့် သင့်ဆီကို အနှေးနဲ့အမြန်ရောက်လာမှာပဲ။

၇။ သင်တို့သမီးရည်းစားဘဝက အဖြစ်အပျက်တိုင်းကို မှတ်မိနေစေချင်တာမျိုး…

သင်က ခရေစေ့တွင်းကျမှတ်မိနိုင်တိုင်း သူကတော့ မှတ်မိချင်မှ မှတ်မိမှာပေါ့။ သင့်က သင်တို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲ ဘယ်မှာလုပ်တယ်၊ ဘယ်ချိန်လုပ်တယ်ဆိုတာ မှတ်မိပေမဲ့  သင့်ခင်ပွန်းက ရက်စွဲလောက်ပဲ  မှတ်မိနေတာမျိုး လည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ သူက ဂရုမထားလို့ မေ့ကုန်တာမျိုးလုံးဝမဟုတ်ပါဘူး။ မိန်းမ နဲ့ ယောက်ျား ရဲ့ ဦးနှောက်ဖွဲ့ စည်း ထားပုံတွေက ကွဲပြားပြီး မိန်းမတွေက စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ အမှတ်တရတွေကို  ယောက်ျားတွေ  ထက် ပိုမိုသိမ်းဆည်းနိုင်စွမ်းရှိကြပါတယ်။
ဒါကိုမမှတ်မိလို့ ပြဿနာရှာတာမျိုးတော့မဖြစ်သင့်ပါဘူး။ ဒီလိုနေ့လေးက သင့်အတွက်  ဘယ်လိုအရေးပါကြောင်း၊  သင် ဘယ်လော က်တန်ဖိုးကြောင်း ပြောပြထားပေါ့။ ဒီလိုမဟုတ်လည်း သူ့ဖုန်းထဲမှာ အဲဒီ့ရက်ကို သူမှတ်မိနေအောင်  မှတ်ထား ပေးလိုက်ပေါ့။ ဒါကိုမှ ကျော်လွှားသွားတယ်ဆို ရင် သင်ဘယ်လောက်ခံစားရကြောင်း အေးအေးသက်သာပြောပြ ပါလေ။ သင့်ခံစားချက်တွေကို သူက အော်တိုမက်တစ်သိနေဖို့တော့မမျှော်လင့်ထားပါနဲ့။ အိမ်ထောင်ရေးမှာ ပွင့်ပွင့်လင်းလင်းရှိ  ခြင်းက  နှစ်ဦးလုံးအတွက် အကျိုးရှိပါတယ်။

၈။ သင်စိတ်ဝင်စားသမျှကို သူလည်းပါစေချင်တာမျိုး…

သင်သိပ်ကြည့်ချင်တဲ့ ရုပ်ရှင်မို့ ရုပ်ရှင်ရုံကို အတူ လိုက်ချင်လိုက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သူမကြိုက်တဲ့ ဇာတ်ကားအမျိုးအစား  ဖြစ်နေခဲ့ရင် နောက်တစ်ခါ အဲ့လိုဇာတ်ကားအမျိုးအစားကို သူမကြိုက်မှန်းသိရက်နဲ့ ခေါ်ဖို့ မကြိုးစားလိုက်ပါနဲ့။
လင်မယားဆိုပြီး အရာတိုင်းထပ်တူဖြစ်နေဖို့မကြိုးစားပါနဲ့။ သင်ရော၊ သူရော ပင်ပန်းကြပါလိမ့်မယ်။ သင်လည်း သင်စိတ်ဝင်စားတာကို သူမပါဘဲ လုပ်နိုင်အောင် ကြိုးစားသင့်သလို၊ သူ့ကိုလည်း သင်မပါဘဲ သူစိတ်ဝင်စားရာတွေကို  လုပ်ဖို့ အခွင့်အရေးပေးသင့်ပါတယ်။

၉။ အမြဲသင့်ထက် ရင့်ကျက်နေစေချင်တာမျိုး…

သူက ယောက်ျားမို့ နေရာတိုင်း သင့်ထက် ရင့်ကျက်ရမယ်၊ ဦးဆောင်ရမယ်ဆိုတာမျိုးတွေ  တွန်းအားမပေးမိပါစေနဲ့ ။ တချို့နေရာတွေမှာ ကိုယ်က ဦးဆောင်သင့်ရင် ဦးဆောင်လိုက်ပါ။ ဒါပေမဲ့ မောက်မောက်မာမာတော့ ဦးမဆောင်နဲ့  ပေါ့လေ။
Ref: 9 Marriage Expectations That Could Destroy Your Relationship By Natasha Burton