မချစ်တော့ဘူးတဲ့လား

တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ခင်မြတ်နိုးပြီး အတူတကွဘ၀ကို ဖြတ်သန်းတော့မယ်ဆိုတဲ့  ဖြစ်လာရတဲ့ ကိစ္စဟာ လွယ်လွယ်ကူကူတော့မဟုတ်ခဲ့ပါဘူး။ အဖြေပေးခဲ့တဲ့ ပထမဆုံးနေ့က ရစ်မူးသာယာခဲ့ရမှုတွေ၊  ပထမဆုံးအနမ်းမှာ ပျော်ဝင်ကြည်နူးခဲ့ရတာတွေ၊ “ သူငါ့ကို တကယ်မှချစ်ရဲ့လား” ဆိုတဲ့ အတွေးတွေနဲ့ ချီတုံချတုံ ဖြစ်ခဲ့ ရတဲ့အခိုက်အတန့်တွေ ကို တစ်ဆင့်ချင်းဆီ စဉ်းစားကြည့်လိုက်ပါ။
လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ချစ်ခြင်းဟာ ခံစားမှုအလိုက် တစ်ဆင့်ချင်းစီ ပြောင်းလဲဖြ စ်ပေါ်လာရ တဲ့ အကြောင်းတရားတစ်ခုပါ။ တစ်စုံတစ်ယောက်ကို ချစ်ရတာဟာ သင့်အချိန်တော်တော်များများကို သူကပဲလွှမ်းမိုး ထားပြီး အချိန်ပြည့်သူနဲ့ပဲ စကားပြောချင်၊ မြင်ချင်တွေ့ချင်နေတာမျိုးပါ။ အခြားအကြောင်းအရာတွေထက် သင့်အတွေးထဲ သူ့အကြောင်း ကအလွှမ်းမိုးဆုံးပါပဲ။
တစ်ခါတလေများ ကိုယ်ကချစ်နေရင်းနဲ့ သူကမချစ်တော့တဲ့အခြေအနေရောက်လာတ တ်သလို၊ အပြန်အလှန်အားဖြင့် သူ က  ချစ်နေလည်း ကိုယ့်ဘက်က မချစ်နိုင်တော့တာမျိုးလည်း ရှိလာတ တ်ပါတယ်။ အဆုံးဆိုးကတော့ သူရောကိုယ်ရော  ချစ်ခြင်းကို စိတ်ကုန်လာတဲ့အခြေအနေပေါ့လေ။
တချို့သောစုံတွဲတွေအတွက် ဒီလိုအခြေအနေက ရုတ်တရက်ရောက်လာတာဖြစ်သလို၊ တချို့အတွက်ကျပြန်တော့  တအိအိနဲ့ ရောက်လာတတ်တာမျိုးပါ။ ဒီဆောင်းပါးမှာ စုံတွဲတစ်တွဲကြားအချစ်မရှိတော့တဲ့ လက္ခဏာတွေကို  ပြောပြသွား  မယ့်အပြင် ဘယ်လိုပြန်လည်ပြင်ဆင်မလဲဆိုတဲ့ နည်းလမ်းအချို့ကိုလည်း ပြောပေးသွားပါ့မယ်။
 

အချစ်မရှိတော့တဲ့ အိမ်ထောင်ရေးမှာ….

လက်ထပ်ထားတဲ့ စုံတွဲတိုင်း ရွှေရောင်နေ့တွေကိုချည်းဖြတ်သန်းရတာမဟုတ်ပါဘူး။ ခက်ခက်ခဲခဲေ လျှာက်လှမ်းရတဲ့ အခိုက် အတန့် ကတော့ စုံတွဲတိုင်းမှာ ရှိကိုရှိတဲ့ အခြေအနေပါ။ ဒါပေမဲ့ အောက်မှာ ပြောပြသွားမယ့်အေ ခြအေ နကို အကြိမ်ကြိမ်အခါခါ ကြုံနေရပြီ ၊ အမြဲမပြတ်ကြုံနေရပြီဆိုရင်တော့ သင့်အိမ်ထောင်ရေးမှာ အချစ် မရှိတော့ဘူး  ယူဆနိုင်ပါ တယ်။
 

အိမ်ထောင်ရေးမှာ သင်တို့နှစ်ယောက်ကြားဝေးကွာစေတဲ့ အကြောင်းတရားက အများကြီးရှိလာတဲ့အခါ…

အိမ်ထောင်တစ်ခုဖြစ်လာပြီဆိုရင် သင့်မှာဖြေရှင်းစရာကိစ္စတွေက များသထက်များလာတတ်တာသဘာဝပါပဲ။ ကလေး ကိစ္စ ရှိလာမယ်၊ အလုပ် မှာ အဆင်ပြေခြင်းမပြေခြင်းတွေရှိလာမယ်၊ ကျန်တဲ့ခေါင်းစဉ်တ ပ်မရတဲ့ အရေးကိစ္စတွေက လည်း သင့်စိတ်ကို ညစ်ညူးစေပါလိမ့်မယ်။ အဲဒီ့အရေးကိစ္စတွေနဲ့ အချိန်ကုန်တာများလာတဲ့အခါ သင်ဖြစ်ဖြစ်၊ သင့်  အိမ်ထောင်ဖက်ဖြစ်ဖြစ် သင်တို့ နှစ်ယောက်ကြားက ချစ်ခြင်းဆိုတာကို  အမေ့မေ့အလျော့လျော့ဖြစ်လာပါတော့ တယ် ။  ဒါကို မေ့လျော့ခံရတဲ့သူက နားလည်မှုရှိစွာဖြတ်သန်းမယ်ဆို ပြဿနာမဟုတ်ပေမဲ့ ငါ့တော့မချစ်တော့ဘူး ၊ ငါ့တော့ အချစ်  လျော့ပြီလို့ ခံစားမိတယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။
 

အချစ်ထက်ကျန်တာအားလုံး အရေးကြီးလာတဲ့အခါ…

အထက်ကအချက်မှာပြောခဲ့သလိုပဲ အလုပ်၊ ငွေရေးကြေးရေး နဲ့ မိသားစုအရေးကိစ္စတွေက  သင်တို့နှစ်ယောက်ကြားက ချစ်ခြင်း ထက် ပိုအရေးကြီးလာတဲ့အခါ သင်တို့အိမ်ထောင်ရေးမှာ အချစ်မဲ့လာတတ်ပါတယ် ။ အချစ်မဲ့လာတာကိုသိတယ်၊ ဒါပေမဲ့ သင်ရာထူးတိုးဖို့က ပိုအရေးကြီးတယ်ဆိုရင်တော့ တကယ့်ပြဿနာပါ။ အချစ်မဲ့လာတာကိုသိတယ်၊ ဒီ့အတွက် အချိန် ပေးမယ်ဆိုရင် မျှော်လင့်ချက်ရှိပါသေးတယ်။
 

လင်မယားနှစ်ယောက်ကြား အဆက်အဆံလုံးဝမရှိတော့တဲ့အခါ…

လင်မယားတိုင်း ရန်ဖြစ်တာ ဓမ္မတာပါ။ ဒါပေမဲ့လိုတာထက်ပိုပြီး တဂျိန်းဂျိန်းချနေကြမယ် ဒါမှမဟုတ်  စကားကိုမပြော  တော့တာ  ဆိုရင်တော့ သင်တို့နှစ်ယောက်ကြားက အကွာအဝေးက ကြီးမားနေပါပြီ။ လူတစ်ယောာက်နဲ့ တစ်ယောက်မှာ  စိတ်ဖိစီးမှုကို တွန်းလှန်ပုံချင်းမတူညီကြပါဘူး။ ကိုယ့်ဖိစီးမှုကြောင့် ကိုယ့်ဘေးနားကလူတွေနဲ့ ဝေးမှန်းမသိဝေးနေတဲ့ သူ တွေလည်းရှိပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ထောင်ရေးမှာ အဆက်အဆံမရှိရတဲ့ အကြောင်းတရားကို မြင်အောင်ကြည့်ပါ။
 

ချစ်တင်းနှောတဲ့ ကိစ္စက သက်တောင့်သက်သာမဖြစ်တော့တဲ့အခါ…

ချစ်ခြင်းမရှိတော့တဲ့အိမ်ထောင်ရေးမှာ လင်မယားကြား ချစ်တင်းနှောတဲ့ကိစ္စကလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ့ကိစ္စ  အတွက် ကိုယ့်မှာ သက်တောင့်သက်သာနဲ့ စိတ်ပျော်ရွှင်မှုမရှိတော့ဘူး ၊ အဲဒီ့လို ခံစားရတာလည်း  အကြိမ်ကြိမ်အ  ခါခါ  ဖြစ်နေတယ်ဆိုရင်တော့ သင့်အိမ်ထောင်ရေးမှာ အချစ်မဲ့နေပါပြီ။
 

တစ်ယောက်ကိစ္စကို တစ်ယောက် စိတ်မ၀င်စားတော့တဲ့အခါ….

အိမ်ထောင်တစ်ခုမှာ တစ်ယောက်ရဲ့ အရေးကိစ္စကို တစ်ယောက်က အရေးမစိုက်တော့တဲ့အခါ ပြဿနာပါ ။ သူဘာဖြစ်  နေနေငါဂရုမစိုက်ဘူးဆိုပြီး သူမကြိုက်တာတွေလည်းမရှောင်ဘူး အကုန်လုပ်တယ်ဆိုရင် တော့ အဲဒီ့အိမ်ထောင် ရေးမှာ  ပြဿနာအတော်ကြီးနေပြီလို့ ပြောနိုင်ပါတယ်။
 

သင့်အားထုတ်မှုအတွက် ဘယ်လို တုန့်ပြန်မှုမှ မရရှိတော့တဲ့အခါ…

ဒါကတော့ နောက်ဆုံးအချက်ပါ။ သင်က သင်တို့အိမ်ထောင်ရေး ပြန်အဆင်ပြေဖို့ ကြိုးစားပေမဲ့ တစ်ဖက်က ဘယ်လိုမှ  မတုန့်ပြန်တော့တဲ့အခါ သင်တို့အိမ်ထောင်ရေးမှာ အချစ်မရှိတော့ဘူးလို့ သတ်မှတ်နိုင်ပါတယ်။ တစ်ချို့ကျ သိပ်အတ္တကြီး  တဲ့သူတွေကို အိမ်ထောင်ဖက်တော်ထားရတာလည်းရှိပါတယ်။ အဲဒီလိုအခြေအနေဆိုရင်တော့ သင့်အိမ်ထောင်ဖ က်က ဒီအိမ်ထောင်ရေးအဆင်ပြေဖို့ ဘယ်တော့မှ ကြိုးစားမှာမဟုတ်သလို၊ အဲ့လိုမကြိုးစားခြင်းဟာလည်း သူ့အမှားမဟုတ်ဘူး လို့  လက်ခံထားမှာပါ။
 

အိမ်ထောင်ရေးမှာ ချစ်ခြင်းကို ပြန်တည်ဆောက်လို့ရနိုင်လား။

မပျော်ရွှင်ရခြင်းတွေကို နောက်မှာ ထားခဲ့မယ်ဆိုရင်တော့ အချိန်ယူပြီး ပြန်တည်ဆောက်ဖို့ အခွင့်အရေးရှိပါတယ်။ ပထမဆုံးလုပ်ရမှာက အချိန်ယူပြီး သေချာစဉ်းစားသုံးသပ်ဖို့ပါ။ ဘာကြောင့်ပြောင်းလဲသွားရတာလဲဆိုတာသိမှ ပြင်လို့  ရနိုင်မှာမို့ပါ။ အောက်မှာဖော်ပြမယ့်အချက်တွေကိုလည်း သုံးနိုင်ပါသေးတယ်။
 

သင့်အိမ်ထောင်ဖက်နဲ့ တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးပါ

ဒီဆွေးနွေးမှုမှာ နှစ်ယောက်လုံးအချိန်အပြည့်အ၀ပေးဖို့လိုပါတယ်။ ဒီလိုတော့ဖြစ်နေပြီ၊ ဒါတော့လုပ်ကြဖို့ လိုလိမ့်မယ်ဆို  တာ ကိုယ်ကစပြီး ပြောကြည့်ရင်း ကိုယ်နဲ့အတူ သူက လိုက်ပါ လုပ်ဆောင်လိုစိတ်ရှိသလားလည်း အကဲခတ်ပါ။ တစ်ခါ တလေတော့ ဒီလိုဆွေးနွေးမှုက သင့်ကို အပြင်းထန်ဆုံး နာကျင်မှုလည်း ဖြစ်စေနိုင်သေးတယ်ဆိုတာလည်း ပြင်ဆ  င်ထားပါ။ ကိုယ်ပြောလိုက်မှ သူ့ကိုယ်သူ သတိပြုမိတာလည်းဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကိုမျှော်လ င့်ထားသလို အဆိုး  ဆုံးအတွက်လည်း ပြင်ဆင်ထားဖို့က လိုရင်းပါ။
တော်ရုံပြဿနာကတော့ ဒီလို အချိန်ပေးဆွေးနွေးပြီး တစ်ဖက်က ပြင်ဆင်ဖို့ ကြိုးစားတယ်ဆိုရင်  ကြိုးစားသူကို အသိ အမှတ် ပြုကြတာများပါတယ်။ တစ်ဖက်ကအသိအမှတ်ပြုတယ်ဆိုရင် ကိုယ်တွေ နှစ်ယောက်တည်းအတွက် အချိန်သတ် မှ တ် ပါ။ တစ်လမှာ နှစ်ခါလား၊ နှစ်လမှ တစ်ခါလား။ နှစ်ယောက်တည်း ချိန်းတွေ့သလို ၊ အချိန်ပေးရင်း နွေးနွေးထွေးေ ထွး အချိန်လေး ပြန်လည်ဖန်တီးပါ။
 

တစ်ယောက်တည်းအတွက် သီးသန့်ချိန်လည်း လိုပါတယ်

အိမ်ထောင်တစ်ခုမှာ တစ်ယောက်တည်းအတွက် သီးသန့်ချိန်ဆိုတာ အချိန်အများကြီးမရနိုင်ဘူးပေါ့လေ။ ဒါပေမဲ့ တစ်ရက် တန်သည်၊ နှစ်ရက်တန်သည်၊ အလွန်ဆုံးတစ်ပတ်ေ လာက် ကိုယ်တစ်ယောက်တည်းအတွက်  အချိန်ပေးပါ။ အဲဒီ့အချိန်မှာ  အိမ်ထောင်ကိစ္စ၊ မိသားစု ကိစ္စတွေကို ခေါင်းထဲက ထုတ်ထားလိုက်ပါ။
အဲဒီလို တစ်ယောက်တည်းနေချိန်မှာ ကိုယ်တွေအိမ်ထောင်ရေးမှာ ပျက်ပြားနေတဲ့ အချစ်ရေးအကြောင်း စဉ်းစားရင် အခြား  အချိန်တွေ ထက် ထင်ထင်ရှားရှားပိုမြင်ရနိုင်ပါတယ် ။ အခြားသူတွေရဲ့ မှတ်ချက်တွေကို ခေါင်းထဲကထုတ်ထားပြီး  ကိုယ့်  အကြောင်းကိုပဲ စဉ်းစားကြည့်ပါ။ ဒီလိုဖြစ်နေတဲ့အကြောင်းကို ရှာတွေ့နိုင်ပါတယ်။
 

ဘယ်လိုမှမလုပ်မဖြစ်တော့ရင်တော့ ကွာရှင်းပြတ်စဲဖို့ စဉ်းစားနိုင်ပါတယ်

ဒီအိမ်ထောင်ရေးကို တကယ်ကိုမပျော်ရွှင်တော့ဘူး၊ ပြင်ဆင်စရာ နည်းလမ်းလည်းမရှိတော့ဘူး၊ ကိုယ်တိုင်ကြိုးစားအား ထုတ် ဖို့လည်း ဆန္ဒရော အင်အားရော မရှိတော့ဘူးဆိုရင်တော့ ကွာရှင်းပြတ်စဲတာက သင့်အနာဂတ်မှာ အနှေးနဲ့ အမြန် ဆိုသလို ရောက်လာနိုင်ပါတယ်။
 
သင့်ခံစားချက်ကို ဝေမျှဖို့၊ ဆုံးဖြတ်ရခက်နေတဲ့အခြေအနေကို အဖြေရှာဖို့ တိုင်ပင်ဖော်တိုင်ပင်ဖက်ရှာတယ်ဆိုရင်တော့  သင့်ကို လုံးလုံးလျားလျားနားလည်နိုင်တဲ့သူကိုရှာပါ။ သင့်ကို တစ်နည်းနည်းနဲ့  နိမ့်ကျစေချင်တဲ့သူတွေကို  မတိုင်ပင်မိဖို့ သတိပြုသင့်ပါတယ်နော်။
 
နောက်တစ်ခုက အကြိမ်ကြိမ်အခါခါစဉ်းစားလည်း ကွာရှင်းဖို့ပဲ အဖြေထွက်တယ်ဆိုရင်တော့ သင့်ဆန္ဒကို သင့်အိမ်ထောင်  ဖက်ကို ပြောပြလိုက်ပါတော့။ သူ့မှာလည်း ဒါကို ရင်ဆိုင်ဖို့ အချိန်လိုကောင်းလိုအပ်နေနိုင်တာမို့ လို့ သူ့ကိုလေးစားသောဖြ င့် သင်ကိုယ်တိုင်ကပဲ  ဖွင့်ပြောလိုက်ပါ။
တချို့ကျတော့ ဘာမပြောညာမပြောနဲ့ တိတ်တဆိတ်ထားခဲ့တာမျိုးလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၊ ကိုယ့်ဆုံးဖြ တ်ချက်ကို  ကိုယ်တိုင်သတ္တိရှိရှိပဲ အဆုံးသတ်ဖို့ အကြံပြုပါတယ်။
 
အားလုံးပဲ ပြင်နိုင်သမျှ ပြင်လို့ရသမျှပြင်ဆင်ရင်း  အရင်ကထက်ပိုကောင်းတဲ့ ချစ်ခြင်းများနဲ့ အိမ်ထော င်တစ်ခုကို တည်ထောင်နိုင်ဖို့ပဲ ဆုမွန်တောင်းပါတယ်။
Ref: 6 Signs You’re in a Loveless Marriage by Korin Miller