Cele Cook

သုသုချက်တဲ့ နို့စိမ်းခေါက်ဆွဲ

    ကျန်းမာရေးနှင့် ညီညွတ်ပြီးအလွယ်တကူ ချက်စားနိုင်တာကြောင့် သုသုကတော့ အရမ်းကြိုက်ပါတယ်။ လူကြီးတွေအတွက်လည်း သွေးတိုးတာတွေမဖြစ်စေတဲ့အတွက် အထူးသင့်လျော်ပါတယ်။ သုသုအကျွမ်းကျင်ဆုံးချက်တတ်တဲ့ နို့စိမ်းခေါက်ဆွဲလေးကို ချက်ပြမယ်နော်။
 

ပါဝင်ပစ္စည်းများ

  • နို့စိမ်း
  • ကြက်သား
  • ကြက်သွန်ဖြူ
  • ဂျူံခေါက်ဆွဲ
  • သံပုရာသီး
  • ငရုတ်သီးအကျက်မှုန့် 
  • မုန့် ကြွပ်
  • ဆား
  • အသားမုန့် 
  • ဆီ
  •  ရေ
  • သကြား
  • ပဲစိမ်းမုန့် 
  • အရောင်တင်မုန့် 
 
 

ချက်ပြုတ်နည်း

    ပထမဆုံးကြက်သားကို အနေတော်အတုံးလေးတွေတုံးပြီး ရေဆေးထားမယ်။ ကြက်သွန်နီကို များများလေး ပါးပါးလှီးမယ်။ ပြီးရင်တော့ ကြက်သားနှင့် ကြက်သွန်နီကို ဆီသတ်ပါမယ်။ ပြီးရင်တော့ ပဲစိမ်းမှုန့်ကို အရည်ဖျော်အိုးထဲကိုထည့် နို့စိမ်းကိုထည့် သကြား ဆား ရေ လိုသလောက်ထည့်ပြီးရင်တော့ ဆူအောင် တည်ထားပေးရပါမယ်။ ပြီးရင် ကြက်သားဆီသတ်ထားတာထည့်ပါမယ်။ နာရီဝက်ခန့်ဆူအောင် တည်ပြီးရင်တော့ အရသာမှုန့်တွေထည့် ပြီးရင် အိုးချပြီး သုံးဆောင်လို့ရပါပြီ။ ပန်းကန်ထဲကို ခေါက်ဆွဲ မုန့်ကြွပ် နို့စိမ်းချက်ထားတာကိုထည့်ပြီး သုံးဆောင်နိုင်ပါပြီရှင်။
 

ယွန်းမီမီကျော် ချက်တဲ့ ဂဏန်းမာဆလာချက်

    ဂဏန်းကတော့ အကြိုက်ဆုံးပင်လယ်စာပဲအဖွားက ဂဏန်းချက်တာ အရမ်းတော်တယ်။ ယွန်းမီက ၇တန်းနှစ်လောက်ကစပြီးချက်တတ်တာ အဖွားဆီကပဲ သင်ထားတာ ဂဏန်းချက်ပြီး အဖွားနဲ့ အတူတူစားနေကြ အခု ဖွားဖွားက အသက်ကြီးလာတော့ အစား မစားနိုင်တော့ဘူး။ ဂဏန်းချက်ရင် ကြက်ဥလေးပါ အနှစ်ရအောင်ရောချက်တာ အိမ်မှာဆို အခုတော့ ယွန်းမီက ဂဏန်းမာဆလာချက်မွှေးမွှေးလေးချက်ပြမယ်နော်...
 
 

ပါဝင်ပစ္စည်းများ

  • ဂဏန်းအခွံခွာပြီးသားအကောင်လိုက်
  • ဂဏန်းလက်မအသား
  • ကြက်သွန်ဖြူ
  • ရှမ်းနံနံ
  • မာဆလာ
  • ဆီ
  • အသားမှုန့် 
  • ဆား
  • ငံပြာရည်

 

ချက်ပြုတ်ပုံ

    ဂဏန်းကို ပထမဆုံးရေသေချာ စင်အောင်ဆေးပါ။ အသားတွေကို သပ်သပ်ခဏဖယ်ထားပါ။ ကြက်သွန်ဖြူကို ထောင်းမယ် များများလေး အနှစ်များအောင်။ ရှမ်းနံနံရေးဆေးပြီးလှီးထားမယ်။ ပြီးရင်တော့ ဇလုံတစ်လုံးထဲ ဂဏန်းအကောင်လိုက်နှင့် ဂဏန်းလက်မ အသားတွေကို မဆလာနှင့် အရသာမှုန့်ငံပြာရည်ရောထည့်ပြီး သမအောင်နှယ်ပေးပါ။ ဆီအိုးကို ဆူအောင်တည်ပြီး ကြက်သွန်ဖြူများများ ဆီသတ်ပါ ပြီးရင်တော့ နယ်ထားတဲ့ ဂဏန်းတွေကို ထည့်ချက်ပါ နာရီဝက်ခန့်ထားပြီးရင်တော့ ဂဏန်းကျက်လောက်ပြီမို့ ရှမ်းနံနံအပေါ်ကအုပ် မာဆလာလေး ထည့်ပြီးရင် စားလို့ရပါပြီ။