ဂျင်းနီရဲ့ အိုးကြီးချက်

ဂျင်းနီ ဟင်းကောင်းကောင်းချက်တတ်ပါတယ်။ ဟင်းချက်တာဝါသနာပါလို့  ဖေကြီးဆီကသင်ထားပါ ။ဖေကြီးကဟင်းချက်ကောင်းတော့ ဂျင်းနီလည်း ဟင်းချက်ကောင်းအောင်ကြိုးစားရင်းက အကြိုက်ဆုံးဟင်းလျာတစ်ခုဖြစ်သလို နယ်တွေသီချင်းဆိုထွက်ရင် အိုးကြီးချက်ကျွေးဖြစ်တဲ့ ဂျင်းနီအကြိုက်ဆုံး ကြက်သားဗူးသီးကာလသားချက်လေးကို ချက်ပြမယ်နော် -
 

ပါဝင်သောအမယ်များ-

- ကြက်သား(အရိုးအသားရော ဟင်းချက်အတုံးတုံး)
- ဗူးသီး(ဟင်းချက်ရန်အနေတော်တုံးထားပါ)
- ဂျင်းအနည်းငယ်
- ကြသွန်နီ၊အဖြူ
-နနွင်း
-ဟင်းချက်မူန့် 
-ဆား
-ကြက်သားမူန့် 
-ငံပြာရည်
-ဆီ
 
 
ဆီသတ်ထားတဲ့အထဲကို အသားမှုန့် ဆားနနွင်း ငံပြာရည် ရောနှယ်နပ်ထားတဲ့ ကြက်သား ကိုထည့်ပါ။
 
ဟင်းချက်တဲ့အခါ ဆီသတ်တဲ့ အထဲ သို့  အသားထဲကို ငံပြာရည် ထည့်ပေးတာက ဟင်းရဲ့ အရသာသာမက အနံ့ ပါမွေးစေဖို့ ပါ။
 
 
ကြက်သားကို မနူးတနူးချက်ပြီးရင်တော့ ဗူးသီးရောလို့ ရပါပြီ ရေကို သင့်တော်ယုံထည့်ပြီး ဟင်းလုံးသည်အထိခဏတည်ထားပါ။