ငြိမ်းသော်ရဲ့ VIP ဟင်းလျာ

ကိုရီးယားမင်းသားလေးနှင့်တူတာဆိုတော့ ကျွန်တော်ကိုရီးယားအစားစာကျွမ်းတယ်ဗျာ စတာပါ ဒီတစ်ခေါက် VIP ဟင်းလျာ အစီစဉ်လေးမှာ ငြိမ်းသော်ချက်ပြမှာက ရိုးရှင်းလွယ်ကူပြီး စားလို့ကောင်းတဲ့ တော့ပိုကီလေးလုပ်ပြမှာပါ ဟင်းချက်တာ ဝါသနာပါတယ်ဗျ ရန်ကုန်ကို စားဖိုမှူးသင်တန်းတတ်ဖို့လာရင်းမော်ဒယ်လုပ်ဖြစ်သွားတာ ကျွန်တော်အရမ်းကြိုက်တဲ့ ဒီဟင်းလေးကို လွယ်လွယ်ကူကူလေးချက်ပြမယ်နော်။

ပါဝင်ပစ္စည်းများ

ဆန်မုန့်
ကောက်ညှင်းမုန့်
ဆား
ခရမ်းချဉ်သီးအနှစ်ဆော့(ကိုရီးယား)
ငရုတ်သီးအနှစ်ဆော့
ငါးဖယ်ချောင်း
ကြက်ဥ(ပြုတ်ထားပါ)
ချိစ့်
အသားမုန့်
ဆီ
ရေ
 

ပြုလုပ်ပုံ

    ပထမဆုံး ဆန်မုန့်နှင့်ကောက်ညှင်းမုန့်ကို ဆားအနည်းငယ်ရောထည့်နယ်ပါမယ် ပြီးရင်တော့ လက်ညှိုးချောင်းလေးတွေလိုသေးသေးလေးတွေလုပ်ပါမယ်။ ရေကို ဆူအောင်တည်ထားပါ။ ရေနွေးဆူရင် စောစောက နယ်ထားတဲ့ ကောက်ညှင်းဆန်အချောင်းလေးတွေကို ထည့်ပြုတ်ပါ။
ကျက်တဲ့အထိ သူတို့လေးတွေရရင်တော့ အအေးခဏ ခံထားပြီး ဆော့အနှစ်လုပ်ပါမယ်။ ဆီထည့်မယ် ဆီဆူလာရင် ငရုတ်သီးဆော့ရယ်ခရမ်းချဉ်သီး ဆော့အနှစ်ရယ်ကို ရောထည့်ပါမယ။် ရေအနေတော်ထည့်မယ် ပွတ်လာရင် ကောက်ညှင်းဆန်ချောင်းလေးတွေထည့်ပါ အရသာမုန့်ထည့်ပါ ကြက်ဥကို အခွံခွာပြီးထည့်ပါ နောက်ဆုံးမှာ ချိစ့်အပြားလေးတွေဖောက်ထည့်ပါ ပြီးရင်တော့ ဆီဆူအောင်ထပ်တည်ပြီး ငါးအသားချောင်းကိုကြော်ပေးရပါမယ်။တွဲဖက်စားရန်ဖြစ်ပါတယ်။ချိုချဉ်စပ်အရသာလေးနှင့် တကယ်ကိုစားကောင်းပါတယ်။