ဟန်နာယူရီ ရဲ့ VIP ဟင်းလျာ

ဟင်းချက်ရတာ ယိင်းယိင်း (ဟန်နာယူရီ) ရဲ့ ဝါသနာတခုပါ။ မားမားဆီက ချက်ပြုတ်တဲ့ နည်းလေးသင်ထားပြီး အလုပ်တွေအားရင် ကိုယ်တိုင်လည်းချက်စားဖြစ်သလို ယိင်းယိင်းရဲ့ VIP ဖြစ်တဲ့ မိသားစုတွေကိုလည်း ချက်ကျွေးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ယိင်းယိင်းက အကြိုက်ဆုံးအစားအစာလေးကိုချက်ပြမှာပါ။ ဝိတ်ချတဲ့သူတွေအတွက်လည်း အဆင်ပြေသလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းလျာလေးပါ...

ပင်လယ်ကြော် ခေါက်ဆွဲကြော် မိုးကုတ်အစားစာနှင့် ဗမာကြက်စွတ်ပြုတ်

ပါဝင်ပစ္စည်းများ

− ခေါက်ဆွဲပြား (ဆန်ပြား)
− ကိုက်လန် (ပန်းပွင့်လေးတွေဖယ် အကြောလေး တွေဖယ်)
− ပြည်ကြီးငါး (မျက်စိလေးတွေ ထုတ်ထား)
− ပုစွန် (ခေါင်းဖြုတ် အသွားထုတ် ချေးလေးတွေ ထုတ်ထားရန်)
− ကြက်သွန်မြိတ်
− သံပုရာသီး
− ကြက်သွန်ဖြူ (ဓားပြားရိုက်)
− ဂျင်း (ဓားပြားရိုက်)
− ခရုဆီ
− ပဲငံပြာရည်အနောက်
− ငံပြာရည်
− ဆား
− သကြား
− ကြက်သားမုန့်
− ဆီသန့်
− ကြက်သား (ဗမာကြက်)
 

ဗမာကြက်သားစွတ်ပြုတ်

    ဂျင်းနှင့် ကြက်သွန်ဖြူကို ဓားနှင့်ပြားပြားလေးရိုက်ပြီးရင် ဆူနေအောင် တည်ထားတဲ့ ရေထဲကိုထည့်ပါမယ် ပြီးရင်တော့ ဗမာကြက်သားကို ရေစင်အောင်ဆေးပြီး အနေတော်အတုံးလေးတုံးပြီး အိုးထဲထည့်ပါမယ် ဆားနှင့်အသားမှုန့်ကို အနေတော်ထည့်ပြီးရင်တော့ ကြက်သားနူးအောင် ပြုတ်ပေးပါမယ်။ အိုးထဲကိုဝေ့တတ်လာတဲ့ ကြက်သားအဆီလေးတွေ ဖယ်ပေးပါမယ် ဗမာကြက်သားကို သုံးခြင်းဖြင့် ကြက်သားရဲ့ အချိုဓာတ်နဲ့အတူ ကျန်းမာရေးညီညွတ်ပြီး အာဟာရလည်းဖြစ်သလို ဝိတ်မတတ်စေချင်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်။ နာရီဝက်ခန့်ပြုတ်ပြီးရင်တော့ ကြက်သားလည်း နူးပြီးဆိုရင်တော့ စွတ် ပြုတ်လေးတစ်ခွက်ရပါပြီ)
 
 

ပင်လယ်ကြော် ခေါက်ဆွဲကြော်

    ပထမဆုံးကိုက်လန်ကို ဆားထည့်ပြီး တည် ထားတဲ့ရေထဲ ထည့်ပြုတ်ပါမယ်။ ဆားထည့်ပြုတ် ရခြင်းအကြောင်းကတော့ ဟင်းရွက်တွေ စိမ်းစိုနေစေဖို့ပါ။ ပြီးရင်တော့ ရေခဲရေထဲ အရွက်ကို ပြောင်းထည့်ပါမယ်။ အရွက်က ကြွပ်ကြွပ်လေးနဲ့စားလို့ကောင်းနေမှာပါ ကိုက်လန်ရရင် ခဏလေး ဖယ်ထားပါမယ်။ ပြည်ကြီးငါးနှင့် ပုစွန်ကို ပြုတ်ပါမယ်။ ရရင်ခဏလေးဖယ်ထားပါမယ်။ ဆန်ပြားကိုအိုးထဲထည့်ပါမယ် ပြီးရင်တော့ ပဲငံပြာရည်အနည်းငယ် အသားမှုန့် ဆားရောဖျော်ထားတဲ့ အရည်ထည့်ပါမယ်၊ ခရုဆီထည့်မယ် သကြားအနည်းငယ်
ထည့်ပြီး သမအောင်မွေပေးပါမယ်။ ၃ − ၄ မိနစ် လောက်နေရင် အိုးချလို့ ရပါပြီ။ နောက်ဆုံးမှာ တော့ ပန်ကန်းပြားထဲကို ကိုက်လန်အရင်ထည့်ပြီး အပေါ်က ဆန်ပြားကြော်ထည့်ပါမယ်။ ပြီးရင် ပြည်ကြီးငါးနှင့် ပုစွန်ကို အလှဆင်ပြီးရင် အရသာရှိစွာ သုံးဆောင်နိုင်တဲ့ မိုးကုတ်အစားစာဖြစ်တဲ့ ပင် လယ်ကြော် ခေါက်ဆွဲကြော်ရပါပြီ။