VIP ဟင်းလျာ

ကိုယ်ကြိက်နှစ်သက်တဲ့ ဟင်းကို ကိုယ်တိုင်ချက်စားတဲ့ အကျင့်လေးကို ကျွန်တော်သဘောကျ တယ် စိတ်ပင်ပန်းနေတာကို သီးသန့် အချိန်ပေးပြီး ဖြေလျော့စရာမလိုပဲ ဟင်းချက်တာနဲ့ သက်သာစေတယ်လေ။
   အမြဲချက်လေ့မရှိတဲ့ အကြိုက်ဆုံး ကြက်ဥအစာသွပ်လေးနှင့် ပဲပင်ပေါက်သုပ်ကို ချစ် ပရိသတ်အတွက် ကျွန်တော်မိုးယံဇွန်  ချက်ပြမယ်ဗျာ။
 

ကြက်ဥအစာသွပ်

ပါဝင်ပစ္စည်းများ
ကြက်သား (ရေစင်အောင်ဆေးပြီး နုတ်နုတ်သေး သေးလေးစင်းထားမယ်)
− အကြော်မှုန့်
− ဂျုံမှုန့်
− ကြက်ဥ( ပြုတ်ပြီး အခွံခွာထားပါ)
− အသားမှုန့်
− ငံပြာရည်
− ဆား
− ဆီ
− ခရမ်းချဉ်သီးဆော့

 

ပြုလုပ်ပုံ

    သေးသေးလေးတုံးပြီး နုတ်နုတ်စင်းထားတဲ့ ကြက်သားလေးတွေကို ဆား၊ ကြက်သားမှုန့်နယ် ပြီး ဆီနည်းနည်း ငံပြာရည်နဲ့ ကျက်တဲ့အထိ ကြော်
ပေးပါမယ်။ ကြက်သားကြော်ထားတဲ့ အချိန်
မှာ ကြက်ဥပြုတ်ပြီးသားကို အစာသွပ်ရန် အထဲက
အနှစ်တွေကို အပြင်ထုတ်ထားပါ။  ကြက်သားကြော် ထားတာရရင်တော့ ထုတ်ထားတဲ့ ကြက်ဥ အနှစ်
လေးတွေကို ကြက်သားနဲ့ ရောနယ်ပြီး ကြက်ဥထဲ
အစာသွပ်ထားပါ။ ကော်မှုန့် နဲ့ ဂျုံမှုန့်ကို အချိုးကြ
အရသာမှုန့်ရောထည့်ပြီး  ရေနွေးနဲ့ ဖျော်ထားပါ။
ပြီးရင်တော့ ကြက်ဥ အစာသွပ်ထားတဲ့ ကြက်ဥတွေ
ကို  အရည်ဖျော်ထားတဲ့ အကြော်မှုန့်ထဲ နစ်ပြီး  ဆီ
ပူပူထဲ ထည့်ကြော်ပါ။ ကြက်ဥနှင့်ကော်မှုန့် နီရဲပြီး ကျက်လာရင် အိုးထဲက ချလို့ ရပါပြီ။

ပဲပင်ပေါက်သုပ်

− ပဲပင်ပေါက် (အမြစ်တွေဖယ်ပြီး ရေသေချာ ဆေးထားပါ)
− ကြက်သွန်ဖြူ (ဓားပြားရိုက်ထားပါ)
− မြေပဲ (ထောင်းထားပါ)
− နှမ်း
− နှမ်းဆီ
− ကြက်သွန်ဖြူကြော်
− ငါးပိ
− သံပုရာသီး
− အသားမှုန့်
− ငံပြာရည်
 

ပြုလုပ်နည်း

    ရေကို အိုးထဲ ပွတ်ပွတ်ဆူအောင်တည်ပါ။ ရေဆူရင် ပဲပင်ပေါက်ကို ရေနွေးဖျောသလောက်ပဲလုပ်ပြီး ပြန်ဆယ်ပါ။ ခဏ အအေးခံပြီးရင်တော့ ဇလုံထဲ ပဲပင်ပေါက်ကိုထည့်ပါ။ ငါးပိထောင်း အနည်းငယ်ထည့် မြေပဲ၊ နှမ်း၊ နှမ်းဆီ အနည်းငယ်၊ အသားမှုန့် အနည်းငယ်၊ ငံပြာရည် အနည်းငယ်၊  ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာရယ်၊ သံပုရာသီးညှစ်ပြီး သမအောင်မွေပါ။ နောက်ဆုံးမှ ကြက်သွန်ဖြူကြော်ထည့်ပါ။ အနံ့အရသာနဲ့ ပြည့်စုံပြီး စားလို့ကောင်းတဲ့ ပဲပင်ပေါက်သုပ်ရပြီပေါ့။