စိုးပြည့်သဇင်နဲ့ သူချစ်သော

ဓာတ်ပုံ-လမင်းနိုင်

(၁)    စိုးပြည့်ချစ်တဲ့ သူတွေကတော့ ဖေဖေ၊ မေမေ၊ ဖွားဖွား(ဖေဖေရဲ့အဒေါ်)နဲ့ စိုးပြည့်အသဲကျော် ဆရီနာနဲ့ဂျက်တို့ပါပဲ။

(၂)    ဖေဖေနဲ့မေမေက စိုးပြည့်အနားမှာ အမြဲရှိတဲ့သူတွေပါ။ အလုပ်သွားရင် ဖေဖေက ကားမောင်းလိုက်ပို့တာများတယ်။ ဖေဖေနဲ့မေမေကို သူငယ်ချင်းလိုရော မိဘလိုရော စိုးပြည့်သဘောထားပြီး အရာအားလုံးကို ရင်ဖွင့်တိုင်ပင်တယ်။ စိုးပြည့် ၁၃ နှစ်အရွယ် အနုပညာလောကထဲ စ၀င်လာတဲ့အချိန် ကတည်းကစပြီး အခု အသက် ၂၃ နှစ်အရွယ်အထိ ဖေဖေနဲ့မေမေက စိုးပြည့်နဲ့ အချိန်တိုင်းအနားမှာ ရှိနေတယ်။ ဖေဖေနဲ့မေမေ အနားမှာရှိနေမှ ကိုယ်တိုင်လည်း ပြည့်စုံနေတယ်လို့ ထင်တယ်။

(၃)    ဖွားဖွား။ ဖေဖေ့ရဲ့ အဒေါ် အပျိုကြီးပါ။ ဖွားဖွားက အပြင်သိပ့်မထွက်ဘူး။

(၄)    ဂျက်နဲ့ ဆရီနာ။ မမျှော်လင့်ပဲရောက်လာတဲ့ သူတွေပေါ့။ တစ်အိမ်လုံးခွေး ချစ်ကြတယ်။ မွေးထားတဲ့ ခွေးလေးတွေ သေသွားပြီဆိုရင် တစ်အိမ်လုံး အရမ်းခံစားရတော့ စိုးပြည့်က ခွေးမွေးမယ် ပူဆာတိုင်း ဖေဖေက မလိုက်လျောခဲ့ဘူး။ ဘာပဲဝယ်ခိုင်း အကုန်ဝယ်ပေးတယ်။

ခွေးတော့မ၀ယ်ပေးဘူး။ အဖြူရောင်လေးဂျက်က ကိုခန့်စည်သူလက်ဆောင်ပေးတာ။ စိုးပြည့်ခွေး အရမ်းချစ်တယ် အရမ်းလိုချင်နေတာသိတော့ သူ့အိမ်မှာခွေးတွေ မွေးထားတယ်ဆိုပြီး ကိုခန့်က အိမ်အရောက် ဂျက်ကိုလာပို့ပေးသွားတာ။ ဆရီနာကတော့ အိမ်နားကနေတောင်းပြီးမွေးထားတာ။ ခွေးအရမ်းချစ်တဲ့ စိုးပြည့်အသဲတွေပေါ့။