Primary tabs

စက်တင်ဘာလအတွက် ကံဇာတာ

စက်တင်ဘာလအတွင်း နေ့အလိုက် ကံဇာတာများကို ဖော်ပြပေးလိုက်ပါတယ်။
ဆရာစံ -ဇာဏီဘို

တနင်္ဂနွေနေ့မွေးသူများအတွက်
စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
ရန်များမည်။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရလိမ့်မည်။ မထင်မှတ်ထားသော အမှုပြဿ နာများ ရင်ဆိုင်ဖြေရှင်းရမည်။
စက်တင်ဘာ ၅၊ ၇၊ ၁၄ ရက်များတွင် ပညာတစ်စုံတစ်ရာကို ရရှိမည်။ ထူးခြားသော အတတ်ပညာ တစ်ခုဖြစ်လိမ့်မည်။ အလုပ်ကိစ္စများ ဆောင်ရွက်အောင်မြင်မည်။
စက်တင်ဘာ ၂၊ ၃၊ ၄၊ ၆၊ ၈၊ ၁၀၊ ၁၁၊ ၁၂ ရက်များတွင် ဆွေမျိုးသားချင်းအတွင်း အသက်အရွယ် ကြီးသူ ကျန်းမာရေးအညံ့ကြုံက မပေါ့အပ်။ အန္တရာယ်ရှိသည်။
စက်တင်ဘာ ၁၊ ၃၊ ၁၃၊ ၁၅ ရက်များတွင် မိမိအိမ်အနီးအပါး နာရေးကိစ္စပေါ်တတ်သည်။ ပေါ်ရင် (၅)ဂဏန်းအစ ထီထိုးပါ။ ပျောက်နေသောပစ္စည်း မရှာဘဲ ပြန်တွေ့မည်။
ယတြာ - ပေါင်မုန့်ကို ယိုသုတ်၍ အနောက်တောင်အရပ် မျက်နှာမူ၍ စားသုံးပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
တွက်ဆထားသည်များ လွဲချော်မည်။ ရန်အနှောင့်အယှက်များ၊ အမှုအခင်းများကို ထိပ်တိုက်ရင် ဆိုင်ရမည်။ ပြဿနာများ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပေါ်မည်။
စက်တင်ဘာ ၁၆၊ ၁၈၊ ၂၁၊ ၂၃၊ ၂၄ ရက်များတွင် အလှူမင်္ဂလာကိစ္စများ ဆောင်ရွက်ရမည်။ ဘာသာရေးနှင့် ဆက်နွယ်သော ခရီးကိစ္စများ ကြုံမည်။
စက်တင်ဘာ ၁၇၊ ၁၉၊ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် အမှုပြဿနာများ ရင်ဆိုင်ရတတ်သည်။ ရောင်း မှားဝယ်မှား ဖြစ်တတ်သည်။
စက်တင်ဘာ ၂၀၊ ၂၂၊ ၂၉၊ ၃၀ ရက်များတွင် ရွှေဝင်ကိန်းရှိသည်။ သားသမီးလိုလားသူများ သား သမီးရမည်။
ယတြာ - မကြာခဏ သက်သတ်လွတ်စားပါ။

တနင်္လာနေ့မွေးသူများအတွက်
စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
အမှုပြဿနာများ ရင်ဆိုင်ဖြေရှင်းရတတ်သည်။ တစ်ပါးသူအမှု ပြဿနာများ မကြာခင် သက်သေ ခံအဖြစ် ဆောင်ရွက်ရမည်။ ရုံးရောက်၊ ဂါတ်ရောက် ကြုံမည်။
စက်တင်ဘာ ၃၊ ၆၊ ရက်များတွင် နေရာထိုင်ခင်းကိစ္စအတွက် ပြောဆိုဆောင်ရွက်ခြင်းများ အောင် မြင်မည်။ လုပ်ငန်းမရှိသူ လုပ်ငန်းရမည်။
စက်တင်ဘာ ၂၊ ၅၊ ၈၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် မျက်စိတွင် မတော်တဆ ထိခိုက်မှု ဂရုစိုက်ရမည်။ ငွေကြေးအပေးအယူကိစ္စတွင် ပြဿနာကြုံတွေ့နိုင်သည်။
စက်တင်ဘာ ၁၊ ၄၊ ၇၊ ၉၊ ၁၀ ရက်များတွင် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီးမှ အလုပ်အကြံအစည် အောင်မြင်မည်။
ယတြာ - အုန်းပန်းပွင့်ကို ဘုရားကပ်လှူပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
တိုက်ရိုက်ပတ်သက်ခြင်း မရှိသည့်ကိစ္စမှန်သမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။ သူများ ပြဿနာ၊ ကိုယ့်ပြဿနာဖြစ်မည်။
စက်တင်ဘာ ၁၆၊ ၁၇၊ ၂၀၊ ၂၃၊ ၂၄၊ ၂၇၊ ၂၉၊ ၃၀ ရက်များတွင် အခက်အခဲများ ဖြေရှင်းအဆင် ပြေမည်။
စက်တင်ဘာ ၁၈၊ ၂၅၊ ၂၆၊ ၂၈ ရက်များတွင် ကြိုတင်ခန့်မှန်းထားသည်ကတစ်မျိုး လက်တွေ့တစ် မျိုးကြုံမည်။ အခက်အခဲများ ကြုံတတ်သည်။
စက်တင်ဘာ ၁၉၊ ၂၁၊ ၂၂ ရက်များတွင် အပျော်လွန်၍ ပြဿနာဖြစ်သူများအား လိုက်လံဖြေရှင်း ကူညီရလိမ့်မည်။
ယတြာ - ရေသန့်၊ ယပ် အလှူဒါနပြုပါပ။ ထီး၊ ဖိနပ်များ စွန့်ပစ်ပါ။

အင်္ဂါနေ့မွေးသူများအတွက်
စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
မိတ်ပျက်၊ ဆွေပျက် ဖြစ်တတ်သည်။ ဆရာသမားအကြီးအကဲတို့၏ ငြိုငြင်မှုကို ကြုံရတတ်သည်။ အပေါင်းအသင်းမိတ်ဆွေကိစ္စများ တာဝန်ယူဖြေရှင်းရမည်။
စက်တင်ဘာ ၂၊ ၃၊ ၉၊ ၁၅ ရက်များတွင် မိတ်ဆွေကောင်းတွေ့မည်။ အတတ်ပညာကောင်း သင် ကြားရမည်။ ဆရာကောင်းနှင့် ကြုံမည်။
စက်တင်ဘာ ၁၊ ၄၊ ၅၊ ၆၊ ၈၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်များတွင် ဆောင်ရွက်သော ကိစ္စမှန်သမျှ အနှောင့်အယှက်ကြုံမည်။ ရရှိသောငွေ အဖတ်မတင်။
စက်တင်ဘာ ၇ ရက်တွင် အနီးအပါး၌ မီးဖွားသူရှိက အလွန်ကောင်းသော နိမိတ်ဖြစ်သည်။ ပိတ်ဖြူအနှီးလက်ဆောင်ပေးလိုက်ပါ။
ယတြာ - ကော်ဗူးအဟောင်းများ ရှာဖွေစွန့်ပစ်ပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
တွေ့ကြုံသည့် အတားအဆီး၊ အနှောင့်အယှက်မှန်သမျှကို ကျော်လွှားဖယ်ရှားနိုင်မည်။ အခက်အခဲ များကို ကျော်လွှားနိုင်မည်။
စက်တင်ဘာ ၁၆၊ ၁၇၊ ၁၉၊ ၂၂၊ ၂၃၊ ၂၈၊ ၂၉၊ ၃၀ ရက်များတွင် စက်ပစ္စည်းများ အဝင်တော် သည်။ ဆေးကောင်း၊ ဝါးကောင်းရခြင်း၊ သမားကောင်းတွေ့ခြင်း ကြုံမည်။
စက်တင်ဘာ ၁၈၊ ၂၁၊ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် အပေါင်းအသင်းကြောင့် နာမည်ပျက်မည်။ လူမှုရေးရှုပ်ထွေးမည်။
စက်တင်ဘာ ၂၀၊ ၂၄ ရက်များတွင် ရပိုင်ခွင့်များ ပြန်လည်ရရှိမည်။ အခက်အခဲဟောင်းများကို ဖြေရှင်းနိုင်မည်။
ယတြာ - မြေအိုးအတွင်း မြင်းခွာရွက်ပင်ကိုစိုက်၍ အရှေ့တောင်အရပ်တွင် ထားရှိပါ။


ဗုဒ္ဓဟူးနေ့မွေးသူများအတွက်
စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
စီးပွားလုပ်ငန်းတိုးတက်မှုနှင့် အလုပ်အကြံအောင်မြင်မှုဖြစ်ထွန်းမည်။ အခက်အခဲများ ကျော်လွှား နိုင်မည်။ တစ်ပါးသူနှင့် ယှဉ်ပြိုင်မှု အောင်မြင်မည်။
စက်တင်ဘာ ၂၊ ၈၊ ၉၊ ၁၃၊ ၁၄ ရက်များတွင် အိမ်ပြင်ခြင်းကြုံမည်။ နေရာထိုင်ခင်းကိစ္စ စကား ပြောဆိုရမည်။ သြဇာအရှိန်အဝါကြီးမားမည်။
စက်တင်ဘာ ၁၊ ၃၊ ၄၊ ၅၊ ၆၊ ၁၀၊ ၁၁၊ ၁၂ ရက်များတွင် အိမ်အနီးအပါး မီးဘေးအန္တရာယ်ရှိ မည်။ အပေါင်းအသင်း မိတ်ဆွေကြောင့် နာမည်ပျက်မည်။
စက်တင်ဘာ ၇၊ ၁၅ ရက်များတွင် သြဇာအရှိန်အဝါကြီးကဲသူမှ တာဝန်ပေးခြင်းကို ခံယူရမည်။ မရည်ရွယ်ဘဲ အိမ်ပြင်ရမည်။
ယတြာ - ဆန်၊ ဆီ၊ ဆား၊ ဆေး အလှူဒါန မကြာခဏပြုပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
လုပ်ကိုင်သမျှ ထိထိမိမိနှင့် အောင်မြင်ခြင်းများရရှိမည်။ ခက်ခဲခြင်း အားလုံးကိုကျော်လွှား၍ တိုး တက်ခြင်းများ ဖြစ်ထွန်းမည်။
စက်တင်ဘာ ၂၀၊ ၂၇၊ ၂၈၊ ၂၉ ရက်များတွင် စနေနေ့ မွေးသူများထံမှ မထင်မှတ်ထားသော အ ထောက်အကူကောင်းများ ရရှိမည်။
စက်တင်ဘာ ၁၇၊ ၁၈၊ ၁၉၊ ၂၁၊ ၂၅၊ ၂၆၊ ၃၀ ရက်များတွင် စိတ်ပျံ့လွင့်မည်။ အပေါင်းအသင်း မှားမည်။
စက်တင်ဘာ ၁၆၊ ၂၂၊ ၂၃၊ ၂၄ ရက်များတွင် အရပ်ဝေးနှင့် ဆက်စပ်လုပ်ကိုင်သော လုပ်ငန်းတို့ မှ ကောင်းသောအကျိုးဆက်များ ဖြစ်ပေါ်မည်။
ယတြာ - ခွေးလေ ခွေးလွင့်တို့ကို အစာကျွေးပါ။


ရာဟုမွေးသူများတွက်
စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
အခါတိုင်းထက်ပို၍ အလုပ်အကိုင်နှင့် စီးပွားရေးတို့တွင် စွမ်းစွမ်းတမံ ထိထိမိမိဆောင်ရွက်နိုင် မည်။ ပေါ်ပေါက်လာသော ကံအခွင့်အရေး ထူးခြားမည်။
စက်တင်ဘာ ၂၊ ၈၊ ၁၃၊ ၁၄ ရက်များတွင် ငွေကြေးကိစ္စ၊ အလုပ်စီးပွားရေးရာအဖြာဖြာတွင် ရည် မှန်းသလောက် ထွန်းပေါက်မည်။
စက်တင်ဘာ ၁၊ ၃၊ ၄၊ ၅၊ ၆၊ ၁၀၊ ၁၁၊ ၁၂ ရက်များတွင် စိတ်အနှောင့်အယှက်များနှင့် ထိပ်တိုက် ရင်ဆိုင်ရမည်။ အကြီးအကဲများနှင့် ပဋိပက္ခဖြစ်တတ်သည်။
စက်တင်ဘာ ၇၊ ၁၅ ရက်များတွင် အပြိုင်အဆိုင်အားလုံးကိုကျော်၍ အလိုရှိရာ ဆောင်ရွက်တိုး တက်မည်။
ယတြာ - လီလီပန်း၊ ဒေစီပန်းတို့ကို ဘုရားပန်းကပ်လှူပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
ဆောင်ရွက်သမျှ ထွန်းထွန်းပေါက်ပေါက် အောင်မြင်မည်။ အလိုဆန္ဒရှိသည်များ ဆောင်ရွက်နိုင် မည်။ အပြိုင်အဆိုင်များကြားမှ တိုးတက်မှုရရှိမည်။
စက်တင်ဘာ ၁၆၊ ၂၂၊ ၂၇၊ ၂၈ ရက်များတွင် အရာရာအဆင်ပြေမည်။ အခက်အခဲကြားမှ တိုး တက်မှုများ ဖန်တီးနိုင်မည်။
စက်တင်ဘာ ၁၇၊ ၁၈၊ ၁၉၊ ၂၁၊ ၂၅၊ ၂၆၊ ၃၀ ရက်များတွင် ရန်များမည်။ စိတ်အနှောင့်အယှက် များ ဖြစ်မည်။ စကားအတိုက်အခံပြောရမည်။
စက်တင်ဘာ ၂၀၊ ၂၃၊ ၂၄၊ ၂၉ ရက်များတွင် အနောက်တောင်အရပ်သို့ ခရီးသွားခြင်းဖြစ်စေ၊ ၎င်းအရပ်မှဖြစ်စေ ဆောင်ရွက်သောကိစ္စတိုးတက်မည်။
ယတြာ - ဒိန်ခဲ၊ နို့ခဲ အစရှိသည်တို့ကို ဘုရားကပ်လှူခြင်းပြုပါ။


ကြာသပတေးနေ့မွေးသူများအတွက်
စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
အတိုက်အခံများ ထိပ်တိုက်တွေ့မည်။ အလွယ်တကူဖြစ်သည်ဟူ၍ မရှိ။ တစ်ခုထက်ပိုသော လုပ် ငန်းများ လုပ်ကိုင်ရမည်။
စက်တင်ဘာ ၃၊ ၇၊ ၈၊ ၁၂၊ ၁၃ ရက်များတွင် အရာရာအဆင်ပြေမည်။ လုပ်ကိုင်သမျှထွန်းထွန်း ပေါက်ပေါက်အဆင်ပြေမည်။
စက်တင်ဘာ ၂၊ ၄၊ ၉၊ ၁၀၊ ၁၁၊ ၁၄ ရက်များတွင် ပြဿနာတစ်မျိုးပြီးတစ်မျိုး ဖြစ်တတ်သည်။ အန္တရာယ်များမည်။ ပိုင်ဆိုင်မှုအတွက် အငြင်းပွားရမည်။
စက်တင်ဘာ ၁၊ ၅၊ ၆၊ ၁၅ ရက်များတွင် ကြန့်ကြာနေသော ငွေကြေးပစ္စည်းများ ပြန်လည်အဆင် ပြေမည်။ လူမှုရေးကိစ္စများ အဆင်ပြေမည်။
ယတြာ - တနင်္ဂနွေနေ့၊ အင်္ဂါနေ့များတွင် အုန်းနို့ခေါက်ဆွဲ ကိုယ်တိုင်လည်းစားပါ။ ဒါနလည်းပြုပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
လုပ်ငန်းဟောင်းများ ရပ်တန့်ရမည်။ ခိုင်မာသော အနာဂါတ် အသစ်၊ ဘဝအခြေအနေ ကူးပြောင်း ရန် ဆုံးဖြတ်ချက်များ ချမှတ်ရမည်။
စက်တင်ဘာ ၁၇၊ ၁၉၊ ၂၀၊ ၂၁၊ ၂၄၊ ၂၇၊ ၂၈ ရက်များတွင် အလုပ်အကြံအစည်များ အောင်မြင် မည်။ ငွေကြေးကံကောင်းမည်။ စီးပွားတက်မည်။
စက်တင်ဘာ ၁၈၊ ၂၅၊ ၂၆ ရက်များတွင် စိတ်တို၊ ဒေါသထွက်လွယ်မည်။ သူတစ်ပါးနှင့် ဆန့် ကျင်ဘက် ရှုထောင့်မှ တွေးခေါ်ဆုံးဖြတ်နိုင်မည်။
စက်တင်ဘာ ၁၆၊ ၂၂၊ ၂၃၊ ၂၉၊ ၃၀ ရက်များတွင် အခက်အခဲများ ဖြေရှင်းပါ။ ခရီးကိစ္စစီစဉ်ပါ။ လက်လွန်ငွေပြန်ရမည်။
ယတြာ - အုန်းသီးစိပ်ပေါ်ဆားဖြူး၍ ဘုရားကပ်လှူခြင်း မကြာခဏပြုပါ။


သောကြာနေ့မွေးသူများအတွက်
စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
ရည်မှန်းထားသည့်ကိစ္စများ ပြီးစီးနိုင်လင့်ကစား နှောင့်နှေးပြီးမှ အဆင်ပြေမည်။ အလွယ်တကူရ သည်ဖြစ်သည်ဟူ၍ မရှိ။
စက်တင်ဘာ ၂၊ ၆၊ ၇၊ ၉၊ ၁၂၊ ၁၃ ရက်များတွင် ငွေဝင်မည်။ အလုပ်အကြံအောင်မည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။ လူမျိုးကွဲအကျိုးပေးမည်။
စက်တင်ဘာ ၁၊ ၃၊ ၄၊ ၈၊ ၁၀၊ ၁၁၊ ၁၄ ရက်များတွင် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ ဝယ်ယူပြီးက ကိုင်တွယ်နေကျမဟုတ်၍ အပျက်အစီးများတတ်သည်။
စက်တင်ဘာ ၅၊ ၁၅ ရက်များတွင် အခက်အခဲများကို ကျော်လွှား၍ အောင်မြင်မှုအဆင့်ဆင့်ရရှိမည်။ ဆောင်ရွက်သမျှ ထွန်းပေါက်မည်။
ယတြာ - နဂါးရုံဘုရားတစ်ဆူတွင် ပိတောက် ၁၁ ညွန့်သွား၍ လှူပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
လွယ်လင့်တကူရမည်မဟုတ်။ ဦးတည်လိုက်တိုင်း၊ နေရာတိုင်းတွင် အနှောင့်အယှက်အတိုက်အခံ များနှင့် ရင်ဆိုင်ပြီးမှ အလိုရှိရာပြည့်စုံမည်။
စက်တင်ဘာ ၁၆၊ ၁၈၊ ၁၉၊ ၂၃၊ ၂၇ ရက်များတွင် ထွက်သွားသောသူ ပြန်ဝင်ခြင်း၊ ဗုဒ္ဓဟူးနံ (ယာဉ်၊ ရွှေ၊ ရေ၊ လှေ၊ လူ) အဝင်ကောင်းသည်။
စက်တင်ဘာ ၁၇၊ ၂၁၊ ၂၅၊ ၂၆၊ ၂၈၊ ၃၀ ရက်များတွင် ရန်ပဋိပက္ခများနှင့် ရင်ဆိုင်ရမည်။ အခက်အခဲများရှိမည်။
စက်တင်ဘာ ၂၀၊ ၂၂၊ ၂၄၊ ၂၉ ရက်များတွင် အဘက်ဘက်မှ တိုးတက်၍ အောင်မြင်မှုရရှိမည်။ ဆောင်ရွက်လိုက်သောလုပ်ငန်းများမှ ထူးခြားသောတိုးတက်မှုများ ရရှိမည်။
ယတြာ - အိမ်တွင် အသုံးမလိုဘဲ ရိုက်ထားသော သံချောင်းများ ရှာဖွေ၍ နှုတ်ပယ်ပစ်ပါ။


စနေနေ့မွေးသူများအတွက်
စက်တင်ဘာ ၁ မှ ၁၅ ရက်အတွင်း
ဝင်ငွေစီးပွားတိုးတက်မည်။ အလုပ်အကြံအစည်သစ်များ လုပ်ကိုင်ရမည်။ အဆင့်မြင့်တက်လမ်း ကြုံမည်။ အပြိုင်အဆိုင်အားလုံးကို ကျော်လွှားနိုင်မည်။
စက်တင်ဘာ ၁၊ ၆၊ ၈၊ ၁၂၊ ၁၅ ရက်များတွင် မိတ်ဆွေကောင်းတိုးပွားမည်။ အမျိုးသမီးမိတ်ဆွေ တစ်ဦးထံမှ အကူအညီကောင်း ရရှိမည်။
စက်တင်ဘာ ၂၊ ၃၊ ၄၊ ၉၊ ၁၀၊ ၁၁၊ ၁၃၊ ၁၄ ရက်များတွင် လက်ဝတ်ရတနာများ ပျောက်ရှတတ် သည်။ ငွေကြေးကိစ္စများ အငြင်းပွားရမည်။
စက်တင်ဘာ ၅၊ ၇ ရက်များတွင် မြှုပ်နှံထားသော ငွေကြေးများ ပြန်ဖော်ရန် အခါကောင်းကျ နောက်တတ်သည်။ ပစ္စည်းဟောင်း ဈေးကွက်တင်နိုင်မည်။
ယတြာ - ကြာပန်းပွင့်ကို ရေ ၈ ခွက်လောင်း၍ ဘုရားကပ်လှူခြင်းပြုပါ။

စက်တင်ဘာ ၁၆ မှ ၃၀ ရက်အတွင်း
ငွေကြေးကိစ္စအတွက် ပြောဆိုဆောင်ရွက်သမျှ အောင်မြင်မည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။
စက်တင်ဘာ ၁၈၊ ၁၉၊ ၂၄၊ ၂၆၊ ၂၉ ရက်များတွင် ပုံမှန်ထက် ငွေဝင်မည်။ ခရီးကိစ္စအဆင်ပြေမည်။ တောင်အရပ်သို့ ခရီးသွား၍ အကျိုးရှိမည်။
စက်တင်ဘာ ၁၇၊ ၂၁၊ ၂၈၊ ၃၀ ရက်များတွင် ဆေးထိုး၊ ဆေးသောက်မှားယွင်းတတ်သည်။ စိန်အဝင်မတော်။
စက်တင်ဘာ ၁၆၊ ၂၀၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇ ရက်များတွင် ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်မည်။
ယတြာ - စံပယ်ပန်းပွင့် ၂၇ ပွင့်လျှင် တစ်ပုံစီ ၅ပုံပုံ၍ ဘုရားကပ်လှူပါ။