Primary tabs

ခရမ်းရောင် အချစ်စိတ်ကူးများနဲ့ သူမ

    အချစ်ကိုအရောင်အမျိုးမျိုးနဲ့ ဖွဲ့ဆိုကြပါလိမ့်မယ်။ ကိုယ့်အတွက်အချစ်က ဘာအရောင်လဲလို့ထင်လဲမေးရင် ခရမ်းရောင်ကိုပဲပုံဖော်မြင်မိတယ်။
အချစ်ကခရမ်းရောင်လို့မြနှင်းထင်တယ်။ အချစ်အရောင်လို့မြင်ယောင်ကြည့်ရင် ခရမ်းရောင်၊ အမည်းရောင်လို့ မြင်မိတယ်။ မြနှင်းကြိုက်တာလည်း အဲဒီ
အရောင်တွေပဲလေ။
 
    မြနှင်းက အိမ်ထောင်ကျပြီးသွားပြီဆိုတော့ အချစ်ဆိုတာကို ငယ်ငယ်တုန်းကလိုတစ်ဖွဲ့တစ်နွဲ့မခံစားတတ်တော့ပေမယ့် အချစ်ကအရေးပါတဲ့ခံစားမှုတစ်ခုဆိုတာ အကြွင်းမဲ့ယုံကြည်ပါတယ်။ သေချာဆုံးဖြတ်ပြီးမှ အိမ်ထောင်ပြုခဲ့တာ အချစ်ဆိုတာသေချာသိပြီးမှလက်ထပ်ခဲ့တာပါ မြနှင်းက ချစ်တာကိုထုတ်ဖော်မပြတတ်ဘူးလို့ထင်မိတယ်။ ကိုမျိုးသွင်နဲ့က သူလည်းမြနှင်းလိုလူမျိုးဆိုတော့ အဆင်ပြေတယ်။
 
    အိမ်ထောင်ရှင်အနုပညာရှင်တစ်ယောက်ဖြစ်ခြင်းအတွက် အားသာချက်တွေများတယ်လို့မြနှင်းထင်တယ်။ မင်းသားတွေနဲ့ အချစ်ခန်းတွေဘာတွေရိုက်တဲ့အခါ ရှိန်နေတာမျိုးတွေမဖြစ်တော့ဘူး။ အပျိုဘဝတုန်းကလို ကြောက်နေတာမျိုးတွေမရှိတော့ဘူး။ အိမ်ထောင်ရှိထားပြီးလုပ်ရတဲ့အတွက် စိတ်လုံခြုံမှုလည်းပိုရှိတယ်လို့ခံစားရစေတယ်။ မြနှင်းကိုအားပေးကြတဲ့ ပရိသတ်တွေက အမျိုးသမီးနဲ့ မိသားစုလိုက် အားပေးတာမျိုးတွေပိုများကြတယ်။
 
    မိသားစု Plan ကတော့ တစ်ရာရာခိုင်နှုန်းဆုံးဖြတ်ထားကြတာ နှစ်ယောက်လုံးက ကလေးလုံးဝမယူဘူးလို့ပဲ အခုက ခွေးလေးမွေးထားတာ သူ့ကိုပဲ စိတ်ထဲနှစ်ထားတာ ကလေးကို ရကိုရရမယ်ဆိုတဲ့ စိတ်မျိုးမရှိဘူး။ မြနှင်းက စိုးရိမ်စိတ်အရမ်းများတော့ အဲဒီစိတ်အပေါ်မှာ စိုးရိမ်တာပူတာဆိုတော့ မယူချင်ဘူး။ ခွေးလေးအပေါ်မှာတောင် စိတ်က မရဘူးဆိုတော့လေ။ အိမ်ထောင်ဖက်က ပါရမီဖြည့်ဖက်ကောင်းအစစ်။ ကြပ်တဲ့နေရာတူတယ်။ သူငယ်ချင်းတွေကို လျှောက်ကြပ်ကြတာ။ ကြပ်စရာမရှိ မြနှင်းရဲ့မန်နေဂျာကောင်လေးကို ညဖက်ကြီးဖုန်းဆက်ကြပ်တာ မြနှင်းကိုလည်းကြပ်တာပဲ သူငယ်ချင်းတွေက စိတ်ပူကြနဲ့ အနီးကပ်နောက်တတ်သူပေါ့။
 
    အနုပညာအလုပ်ကို စလုပ်ခါစက ဒီအလုပ်ကိုဝါသနာပါလို့သာလုပ်လိုက်ပေမယ့် မိတ်ဆွေကခေါ်လိုက်လို့ လုပ်ဖြစ်တဲ့အလုပ်တစ်ခုအနေနဲ့ပဲလုပ်ခဲ့တာ။ ထဲထဲဝင်ဝင်လည်းမလုပ်ဖြစ်ခဲ့ဘူး။ အဆင်မပြေတာလေးတစ်ခုကိုပဲ စိတ်တွေတိုပြီး မလုပ်တော့ဘူးဆိုတဲ့စိတ်နဲ့ ရပ်ပစ်ခဲ့တယ်။ အိမ်ထောင်ပြုလိုက်တယ်။ စိတ်တွေလည်းမထားတတ်ခဲ့ဘူး။ အယူအဆတွေလည်းမှားလိုက်တော့ တစ်ဒင်္ဂဒေါသနဲ့ပဲ နားပစ်လိုက်တာ။ အိမ်ထောင်ကျပြီး ဝိတ်ချမယ် အခြားဟာတွေလုပ်မယ်ဆိုပြီးလုပ်နေချိန်မှာ ဧဒင်ရဲ့ နတ်သမီးကလည်းထွက်လာတော့ ပရိသတ်တွေက အသစ်တွေကိုလည်းအားပေးတာပါလားဆိုပြီး ပြန်လုပ်လာဖြစ်ခဲ့တာပါ။ အလှအပဆိုင်ရာတွေပြန်ပြုပြင်၊ ဝိတ်ချနေတာတွေ၊ သွားပြင်လိုက်တာတွေ မြနှင်းအတွက် အဆင်သင့်ဖြစ်သွားတယ်။ အံဝင်ခွင်ကျဖြစ်သွားတယ်။
 
    ဒီနေ့လို အချစ်နတ်သမီးလေးလိုမျိုးတစ်ခါမှမရိုက်ဖူးဘူး နတ်သမီးလေးအတိုင်းရိုက်ရတော့ ထူးခြားပြီး သဘောကျမိတယ်။
 
    သရုပ်ဆောင်စတော့ ဘာမှကိုမသိတာ မုဒ်ထည့်တာဆိုတာဘာလား ဘာမှကိုမသိခဲ့တာ ဦးမီးပွားတို့ ကိုစိုင်းတို့က အရမ်းသင်ပေးခဲ့ကြတာ တော်တော်ကိုမြနှင်းကိုလက်တွဲခေါ်ခဲ့ကြတာ။ ကိုယ်သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ရုပ်တွေပြန်ကြည့်ပြီး ပြန်ပြင် ပြန်လုပ်ရင်း အခုနောက်ပိုင်းသရုပ်ဆောင်ရတာတွေ ပိုအားရလာတယ်။ မြနှင်းမှာ ကိုယ့်ဖာသာသဘောကျတဲ့အရာက ဇာတ်ရုပ်အတွက် တစ်ခန်းပါပါ နှစ်ခန်းပါပါ အဲဒီဇာတ်ရုပ်အတွက် လိုအပ်ရင်လိုအပ်သလို ကာရိုက်တာအရလိုတဲ့ ရှေ့နေဆို ရှေ့နေ ကေတီဗီကဆို ကေတီဗီက အပြင်က တကယ့်နေရာတွေဆီကိုသွားပြီးလေ့လာပြင်ဆင်တာ ဒီနေ့အထိပါပဲ။ မြနှင်းမှာ ခက်ခဲတဲ့သရုပ်ဆောင်မှုဆိုရင် စကားပြောတာ မြနှင်းက အရမ်းစကားပြောမြန်ရင် မြန်တယ်။ နှေးရင်လည်းနှေးနေပြန်ရော အဲဒါကိုအဆင်ပြေအောင်ကြိုးစားရတာပါ။
 
    မြနှင်းရည်လွင်ဆိုတာ အရမ်းရယ်စရာတွေပြောတတ်တယ်။ ပေါ့ပေါ့ပါးပါးနေတတ်တယ်။ သူငယ်ချင်းတွေနဲ့တွေ့ရင် ကိုယ်က ထိပ်ဆုံးကနေရယ်စရာပြောတဲ့သူ သူများအမြင်မှာတော့ခပ်အေးအေး ခပ်တည်တည်နေတတ်တယ်လို့ထင်ကြတယ်။ တကယ့်တကယ် စိတ်ထဲကျပြန်တော့လည်း အရမ်းစိတ်ပူပြီးစိုးရိမ်နေတတ်ပြန်ရော။
 
    မြနှင်းသရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေအများကြီးထွက်လာဦးမှာပါ အားနည်းချက်တွေတော့ အများကြီးရှိနေဦးမှာပါ။ ပရိသတ်အတွက် မြနှင်းထပ်ပြီးကြိုးစားနေပါဦးမယ်။ ဇာတ်လမ်းတွဲတွေပိုရိုက်ဖြစ်တယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ မျက်နှာဖုံးများဇာတ်ကားတော့ရိုက်ထားတာရှိတယ်။ နောက်ထပ်ကတော့ဖော်ဖော်ဝါရီ မတ်လောက်မှာ ရိုက်ဖို့တစ်ခုရှိတယ်။