မေမေနဲ့ သမီးလေးတို့ရဲ့ Elegant

Model - Myo Sandy Kyaw & Eainsi Myintmo Kyaw @ Jewel
Make-up - Lin Lin (Aung Aung Taungyi)
Designer - Myat Su
Photo - Ko Naing
Location - Galleria 9 Café & Restaurant
 
အေးမြတဲ့ဇန်နဝါရီလလေးမှာ မျိုးစန္ဒီကျော်နဲ့ သမီးလေး အိမ်စည်မြင့်မိုရ်ကျော် (ခ) Jewel တို့ရဲ့ သားအမိကဏ္ဍလေးကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။

အချိန်က ဆောင်းနေ့လယ်ခင်း နေရာက ခမ်းနားတဲ့ အပြင်အဆင်လေးတွေနဲ့ Galleria 9 Cafe  ဆိုင်လေး... ရှုတင်အတွက် ရောက်ရှိနေတာက ချစ်စဖွယ်သမီးလေး Jewel လေးနဲ့ မေမေ မျိုးစန္ဒီကျော်

သမီးလေးနဲ့ တူတူရိုက်ရတော့ပျော်လဲပျော်တယ်။ ပိုလည်းပင်ပန်းတယ်။ သမီးနဲ့ ဒီပုံလေးတွေက အမှတ်တရအနေနဲ့ သိမ်းထားတယ်။ ဒီစာအုပ်လေးထွက်လာရင် သမီးနဲ့ရိုက်ထားတယ်ဆိုတဲ့ အမှတ်တရလေးဖြစ်တာပေါ့။

ပင်ပန်းတာကတော့ သူက ကလေးဆိုတော့သူရိုက်ချင်အောင်ချော့ရတာဆိုတော့ကိုယ့်ဟာကိုယ်တစ်ယောက်တည်းရိုက်ရတာထက်တော့ ပိုပင်ပန်းတာပေါ့။

သမီးရဲ့ အနုပညာဝါသနာက ရာခိုင်နှုန်းတော်တော်များများပါတယ်လို့ပြောလို့ရတယ်။ အိမ်မှာဆို သီချင်းဆိုတယ်။ ကတယ်။ အနုပညာနဲ့ ပတ်သက်လို့ကတော့ အမေလိုပဲ ဝါသနာပါတယ်။

သမီးလုပ်မယ်ဆိုရင်တော့ အနုပညာပဲဖြစ်ဖြစ် ဘယ်လမ်းကြောင်းပဲဖြစ်ဖြစ် အနောက်ကနေအတတ်နိုင်ဆုံးအပြည့်အဝပံ့ပိုးပေးသွားမှာပါ။

အခုချိန်ထိ အစ်မကို ချစ်ပေးတဲ့ ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။ အစ်မအပြင် အစ်မသမီးလေးကိုပါ အစ်မထက် ပိုချစ်ကြတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။