ကျော်ဆုနဲ့ လွှမ်းပိုင် ဖက်ရှင်

ဂီတဘက်မှာ အောင်မြင်မှုရရှိထားပြီး ပရိသတ်လည်း အခိုင်အမာရှိပြီးသားဖြစ်တဲ့ တေးသံရှင် လွှမ်းပိုင်နဲ့ သရုပ်ဆောင်ဘက်မှာ ဇာတ်လမ်းတွဲတွေနဲ့အတူ သရုပ်ဆောင်လမ်းကြောင်းပေါ်မှာ ပရိသတ်အခိုင်အမာ ရရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် ကျော်ဆု၊ ညီအစ်ကိုလိုလည်း ပေါင်းလို့ရတယ်၊ သူငယ်ချင်းလိုလည်း ဖြစ်တယ်ဆိုတဲ့ သူတို့ ညီအစ်ကို နှစ်ယောက်ရဲ့ ပထမဦးဆုံးဆုံတဲ့ ဖက်ရှင်ကဏ္ဍလေးမှာ ပရိသတ်တွေအတွက် အမြင်ဆန်းစေမယ့် ဖက်ရှင်တွေကို တင်ဆက်ပေးလိုက်တယ်နော်...

ကျော်ဆု

    လွှမ်းပိုင်နဲ့ ကျွန်တော်နဲ့က အသက် ၂ နှစ်
ကျော် ၃ နှစ်နီးပါးလောက် ကွာတယ်။ ငယ်ငယ် တုန်းကဆို အဖေတာဝန်ကျတဲ့နေရာက လွိုင်ကော်
မှာ ရွယ်တူတွေရှိတယ်။ ကလေးတွေထဲမှာ ကျွန်တော်က အကြီးဆုံးပေါ့။ လွှမ်းပိုင်နဲ့က ရွယ်တူ
တွေ များတယ်။ ကစားနည်းမျိုးစုံ ကစားကြတယ်။
 

လွှမ်းပိုင်

    ငယ်ငယ်တုန်းက အဖေက၀န်ထမ်းဆိုတော့ နယ်မှာနေတယ်။ အဲဒီမှာ ကျွန်တော်တို့ ဆော့ပြီဆိုရင် ကိုကြီးက ကလေးဗိုလ်။ ကျွန်တော်တို့က နင်ဂျာကစားကြတာ၊ ကိုကြီးက နင်ဂျာပေါ့။ သူက နင်ဂျာဝတ်စုံရသွားပြီဆိုပြီး ကျွန်တော်တို့ကို ဂျင်းထည့်တာ။ နေ၀င်တဲ့အချိန်မှာ သိုင်းကျင့်ရင် နင်ဂျာဝတ်စုံပေးတယ်ဆိုပြီး ပြောတော့ ကျွန်တော်တို့က တကယ်ယုံတာ။ အဲဒါလေးတွေက အမှတ်တရပါပဲ။
 

ကျော်ဆု

    အနုပညာနဲ့ပတ်သက်ရင် ကျွန်တော်က လွှမ်းပိုင်ကို အများကြီး ပံ့ပိုးပေးရတာ မရှိပါဘူး။ သူက သူ့လမ်းကြောင်းနဲ့သူ သွားနေပြီးသားဆိုတော့၊ သူကသာ ကျွန်တော့်ကို အစပိုင်းမှာ ပြောပြတာမျိုးရှိတယ်။
 

လွှမ်းပိုင်

    ကိုကြီး သရုပ်ဆောင်သင်တန်း စတက်ပြီး အစပိုင်း ဇာတ်လမ်းရိုက်တုန်းကတော့ နည်းနည်းလိုသေးတယ်ဆိုပြီး ပြောဖြစ်တယ်။ နောက်ပိုင်း
ကျတော့ ΜΡΤ−4 ဇာတ်လမ်းတွဲတွေ ရိုက်တဲ့အခါကျတော့ သရုပ်ဆောင်မှာလည်း ပြောစရာမရှိတော့ ပါဘူး၊ သူကလည်း လေ့ကျင့်တယ်ဆိုတော့လေ။
 

ကျော်ဆု

    လွှမ်းပိုင်မှာ မကောင်းတဲ့အချက်ကတော့ စိတ်ကြီးတယ်၊ ဒေါသအရမ်းထွက်တတ်တယ်။ ငယ်ငယ်ကတည်းက ဂိမ်းကစားရင်လည်း ဂိမ်းနဲ့ ရန်ဖြစ်နေတာ။ ကောင်းတာတွေတော့ များပါ တယ်။ ယောက်ျားလေးတစ်ယောက်အနေနဲ့ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်း အကုန် ရှောင်နိုင်တယ်။ ပြင်စေချင်တာ ဒေါသလေးလျှော့ဖို့ပါပဲ။
 

လွှမ်းပိုင်

    ကိုကြီးမှာ မကောင်းတဲ့အချက် သိပ်မရှိပါဘူး။ ကိုကြီးက အေးအေးဆေးဆေးသမားပဲ၊ သူနဲ့ ပေါင်းတဲ့သူတွေလည်း သိပါတယ်။ စကားလည်းသိပ်မပြောဘူး။ ပေါင်းသင်းဆက်ဆံရေး လည်း ကောင်းတယ်။ သူ့အလုပ်ကို သူကြိုးကြိုးစားစားလုပ်တယ်ဆိုတော့ အဲဒါလေးကိုပဲ ဆက်ပြီး လုပ်သွားပါလို့။