Designer's Inspiration!

Designer Thet Hnin Aye (Dozo)
People မဂ္ဂဇင်းရိုက်ကူးရေးအတွက် ဒီဇိုင်းစဉ်းစားတော့ ပုံ့စိတ်ကူးထဲမှာ ကိုယ်ငယ်ငယ်လေးကတည်းက အရမ်းကြိုက်ခဲ့ရတဲ့ Disney Princess လေးတွေရဲ့ ၀တ်စုံလေးတွေကို သူတို့နဲ့တစ်ပုံစံတည်းမဟုတ်ဘဲနဲ့ ကိုယ့်အိုင်ဒီယာနဲ့ ပြောင်းလဲ ဖန်တီးခဲ့ပါတယ်။ ကြည့်လိုက်လို့ရှိရင် ဒါဟာ Princess တစ်ပါးရဲ့ ၀တ်စုံပေါ့နော်... ချစ်စရာကောင်းပြီး Elegant ဖြစ်တဲ့ ပုံစံမျိုးလေးကို ဒီ တစ်ခေါက်အတွက် ဖန်တီးဖြစ်ခဲ့တာပါ။

ပထမဆုံးအဖြူလေးဆိုရင် Simple and Elegant ပေါ့။ Dress ရဲ့ Pattern တွေကို အဓိကပြုလုပ်ထားတယ်။ Layer ကို နှစ်ထပ်လုပ်ထားပြီး Layer အောက်မှာ အခံအကားကြီးဝတ်စရာမလိုဘဲနဲ့ သူ့ Pattern မှာကို ကားကားလေးနဲ့ ကြည့်လိုက်ရင် ရှင်းသန့်ပြီးတော့ စမတ်ဖြစ်မယ့်ပုံစံမျိုးကို ဖန်တီးထားပါတယ်။

ဒုတိယတစ်စုံ ဗေဒါရောင်လေးကတော့ ဟိုးရှေးခေတ်တုန်းက Wedding Gown တွေဆို လက်ကြီးတွေက အကြီးကြီးတွေပေါ့နော်။ အဲဒါလေးကို Inspiration ယူပြီး ဖန်တီးထားတာပါ။ အဲဒီဝတ်စုံက ကြည့်ရင် ဟဲဗီးအကြီးကြီးဖြစ်နေပေမဲ့ ၀တ်လို့ရှိရင် တကယ့်ကို ပေါ့ပေါ့လေး။ ၀တ်ဆင်သူကိုလည်း Comfortable ဖြစ်တယ်။ နောက်ပြီးတော့ လှနေတယ်ပေါ့နော်။ အဲလိုမျိုး Taste လေးတွေ အများကြီး ထည့်သွင်းဖန်တီးထားပါတယ်။

နောက်ဆုံးတစ်စုံက အစိမ်းရောင်လေး။ အဲဒီအရောင်က တော်ရုံတန်ရုံမသုံးကြဘူး။ တကယ့်ကို ခန့်ညားပြီး ၀တ်ရုံကြီးနဲ့ ပုံစံယူထားတယ်။  ၀တ်ရုံဆိုရင် အသေးစိတ်ပေါ့နော်... အချိန်အားဖြင့်ရော ပိတ်စတွေရော ကိုက်တွေအများကြီး အဲဒီထဲမှာထည့်ပြီး ဖန်တီးထားပါတယ်။ အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ ပုံ့ မျှော်လင့်ပါတယ်။

Model - Shwe Eain Si
MUA - Ah Naw La Mu
Designer - Thet Hnin Aye (Dozo)
MUA - Shin Thant
Floral - Flower Shop