ဖက်ရှင်ကျကျ လက်ကိုင်အိတ်

Handbag အိတ်လေးတွေက Body Shape လေးတွေပေါ်လွင်အောင်လည်းဖော်ဆောင်နိုင်ပါသေးတယ်။ ဘယ်လိုအိတ်မျိုးကို ဘယ်နေရာမှာသုံးသင့်လဲ။ ဘယ်လိုနေရာမှာ ဘယ်လိုအိတ်ကိုကိုင်ဆောင်ရမလဲ။ ဘယ်လိုကာလာတွေရွေးခဲ့ရမယ်ဆိုတာကတော့ အတော်များများကတော့ သတိထားမိတာရှိသလို သတိမထားမိတာလည်းရှိတတ်ပါတယ်။ Design ခပ်ဆန်းဆန်းကိုင်မှ သင့်ဖက်ရှင်ကိုပေါ်လွင်စေတာမဟုတ်ပါဘူး။ ဒီတော့ဘယ်လိုအိတ်ပုံစံလေးတွေကိုရွေးချယ်ကိုင်ဆောင်သင့်လည်း ကြည့်ကြမယ်။
 

Shoulder Bag

    Shoulder Bag ပုံစံကတော့ ပုံစံအမျိုးအစားအများကြီးနှင့် မတူညီတဲ့ Size အရောင်တွေ ပုံသဏ္ဌာန်တွေရှိပါတယ်။ ပုံမှန် Size ကို ကိုင်ဆောင်ရင်တော့ Wallet.Key, Cell Phone, Book, Note Pad, Cosmetic အစရှိသောပစ္စည်းအစုံထည့်နိုင်ပါတယ်။ သူကတခါတလေတော့ ပြီးပြည့်စုံတဲ့အိတ်တလုံးဖြစ်စေပြီး တစ်ခါတလေ သယ်ရမလွယ်ကူနိုင်ဘူးလို့ထင်ကြပါတယ်။  အရောင်လေးတွေကတော့ သိပ်ကိုဆန်းပြာတဲ့ အရောင်လို အများကြီးမထွက်ပေမယ့် အရပ်ရည်တဲ့ မိန်းကလေးတွေ အတွက် စမတ်ကျစေတဲ့ အိတ်တစ်လုံးပါ။ Shoulder Bag Design တွေကရိုးရှင်းပြီး Smart ကျစေလို့ ကြိုက်နှစ်သက်ကြပါတယ်။ မိန်းမဆန်တဲ့ Style မျိုးတွေသိပ်မကြိုက်တဲ့ ကောင်မလေးတွေအတွက် ဖက်ရှင်ကျပြီးမိုက်စေတဲ့အိတ်လေးပါ။

Petite

    Ηοllywood က အမျိုးသမီးတွေ ပိုပြီးကြိုက်ကြတဲ့ ပုံစံမျိုးဖြစ်သလိုသူတို့နိုင်ငံမှာ ပိုအလွယ်များတတ်တဲ့ အိတ်မျိုးပါ။ လက်ကလည်းကိုင်လို့ရသလို ခန္ဓာကိုယ်သေးသွယ်တဲ့မိန်းကလေးတွေအတွက် ပိုအဆင်ပြေစေတဲ့ အိတ်ဖြစ်ပြီး အိတ်ကြီးကြီးကြိုက်တဲ့ မိန်းကလေးတွေအပေါ်လွမ်းမိုးမှုရှိစေတဲ့ပုံစံလည်းဖြစ်ပါတယ်။ သေးသွယ်တဲ့ရှည်လျားတဲ့ကြိုးတွေကြောင့်  လွယ်တဲ့အခါ Weight ကို သေချာထိန်းပေးရပါမယ်။ Petite အိတ်ကြိုက်တဲ့ အမျိုးသမီးတွေက သေးသွယ်လှပတဲ့ Βοdy အမိုက်စားရှိပါတယ်။ Plus Size Body အတွက်တော့ ပိုကြီးမားတဲ့အိတ်နဲ့ Size ကို ရွေးချယ်သင့်ပါတယ်။ သေးငယ်တဲ့အိတ်နဲ့တော့ မလိုက်ဖက်ပါဘူး။
 

Tote Bag

    Τοte Bag ရိုးရာယဉ်ကျေးမှုတစ်ခုကိုဖော်ပြချင်တဲ့ အိပ်ပုံစံမျိုးဖြစ်ပြီး Ηand Made ဖြစ်တာကြောင့် အနုစိတ်လှပတဲ့ ဒီဇိုင်းမျိုးလည်းဖြစ်ပါတယ် တကယ့်ကို မိန်းမဆန်ပြီး နူးညံ့တဲ့မိန်းကလေးတွေအတွက်တော့ အလိုက်ဖက်ဆုံး အိတ်လို့ပြောလည်းမမှားပါဘူး လွတ်လပ်ပေါ့ပါးစွာကိုင်လို့ရပြီး ရိုးရှင်းပေါ့ပါးမှုကိုပေးစွမ်းနိုင်ပါတယ်။ ကမ်းခြေသို့ ရိုးရာပွဲတက်တွေအတွက် တန်ဖိုးထားမှုတစ်ခုကိုပြနိုင်တဲ့ အိတ်မျိုးလေးဖြစ်ပြီး မိန်းမဆန်စွာ လွတ်လပ်ပေါ့ပါးတဲ့ကောင်မလေးတိုင်းအတွက်တော့ လိုက်ဖက်စေတဲ့ အိတ်မျိုးပါ စိတ်ရဲ့ ပျော်ရွှင်ကျေနပ်မှု လူအများရဲ့ ဂရုစိုက်ချီးကျူးမှုကိုပေးစွမ်းနိုင်တဲ့ Tote Bag အိပ်ကလေးတွေမိန်းမဆန်လွန်းတဲ့ ကောင်မလေးတွေရွေးချယ်သင့်ပါတယ်။
 

Handheld Bag

    များသောအားဖြင့် လက်မှာ ကိုင်ထားလို့ရမယ့် အရွယ်အစားပမာဏဖြစ်ပြီး သေးငယ်တဲ့ အိတ်ကလေးတွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လက်တစ်ကိုင်အရွယ်သေးငယ်ပြီး တစ်ခါတလေ အနည်းငယ်ကြီးတာလည်းကိုင်ကြပါတယ်။ Handheld Bag ကတော့ ဖက်ရှင်ကျမှုကို ပွဲတတ်ရန် Brand ဆိုရင်တော့ သင့်ရဲ့ကျော့ရှင်းလှပမှုကိုဖော်ဆောင်
ပေးပါတယ် Brand မဟုတ်လည်း ကိုင်ဆောင်သူအတွက် တခဏတာ စိတ်ကျေနပ်မှုရရှိစေနိုင်ပါတယ်။ အချိန်တိုင်း လက်ကကိုင်ထားရမှာမို့ လက်ချောင်းသွယ်လျတဲ့သူတွေအတွက်တော့ ယုံကြည်မှု အပြည့်ရစေမှာပါ။
 

Cluth

    Cluth အိတ်အမျိုးစားကတော့ လက်ကအမြဲကိုင်ထားရတဲ့အိတ်မျိုးဖြစ်ပြီး အကယ်၍သင်လွယ်သွားမယ်ဆိုလည်းအဆင်ပြေစေတဲ့ အိတ်မျိုးပါ။ သင့်အတွက် အသုံးဝင်အရေးပါတဲ့ ပစ္စည်းတွေကို အလွယ်တကူထည့်ပြီး သယ်ယူသွားနိုင်တဲ့အပြင် သက်တောင့်သက်သာကိုင်လို့ရတဲ့ အနေထားမျိုး လည်းဖြစ်တာကြောင့် အဆင်ပြေစေပါတယ်။ ကြီးမားတဲ့ Cluth အိပ်အမျိုးစားတွေကို ထုတ်လုပ်ခဲ့တဲ့အချိန်မှာ ကိုင်တဲ့သူများတာကြောင့် လက်ကိုင်အိပ်ခရေဇီတွေကြား Popular ဖြစ်စေတဲ့ အိတ်အမျိုးစားတစ်ခုပါ Smart ကျစေပြီး သင့်ရဲ့ ဖက်ရှင်ကျမှုကိုပါ ဖော်ဆောင်ပေးနိုင်ပါတယ်။ သွေးသွယ်လှပတဲ့သူအတွက် အဆင်ပြေစေနိုင်ပြီး ခန္ဓာကိုယ်ပြည့်ဖောင်း အရပ်ရှည်တဲ့သူအတွက် အနည်းငယ်ကြီးတဲ့ အိတ်အနေထားကိုရွေးချယ်ရပါမယ်။
 

Every One

    အိတ်ကလေးတွေကို ခရေဇီဖြစ်ကြတဲ့သူတွေအတွက်တော့ လက်ကိုင်အိတ်ဆိုတာ မပါမဖြစ်သယ်ဆောင်တတ်ကြတဲ့ အသုံးအဆောင်တစ်ခုပါပဲ ။ မိမိနှစ်သက်ရာ အိတ်အမျိုးမျိုးကိုလိုက်ဖက်အောင်ရွေးချယ်ကိုင်ဆောင်ကြပါတယ်။ အားလုံး ပုံမှန်အားဖြင့် ပိန်တဲ့သူ၊ ဝတဲ့သူ၊ အရပ်ပု၊ အရပ်မြင့်အားလုံး ကိုင်ဆောင်လို့ရတာကတော့ ပုံမှန် Size ရှိပြီး ရိုးရှင်းလှပတဲ့ အိတ်ကလေးတွေကတော့ မိန်းကလေးအားလုံးနှင့်လိုက်ဖက်စေပါတယ်။ ပိုက်ဆံအိတ်က လူတစ်ယောက်အတွက် အရေးတကြီးလိုအပ်တဲ့ ပစ္စည်းတွေကိုသယ်ဆောင်ပေးတာမကသေးပဲ ဖက်ရှင် လူနေမှုပုံစံကိုပါဖော်ပြနေတတ်ပါတယ်။