Primary tabs

Leo နဲ့ သူ့ရဲ့ Family

မောင်နှမ ၇ ယောက်မှာ ကျွန်တော်က နံပါတ် ၎
 
 
မောင်နှမ အားလုံး ယောက်ျားလေး ၅ ယောက် မိန်းကလေး ၂ ယောက်။ အားလုံးစုံရင် အိမ်မှာအကင်လုပ်စားဖြစ်တာများတယ်။ မောင်နှမတွေတွေ့ရင် Τικ Τοκ ဆော့တယ်။ ကျွန်တော်တို့က ရုပ်ရှင်ကြည့်တာများတယ်။ အမဆိုလည်း ပန်းလေးတွေစည်းတယ်။ ညီနှစ်ယောက်ကလည်း အလုပ်သွားဆိုတော့ ညကျမှဆုံတာများတယ်။
 
 
ကျွန်တော်တို့ မောင်နှမတွေအကုန်လုံး ဂီတကို ၀ါသနာ ပါကြတယ်။ ၀မ်းကွဲတွေထဲမှာဆိုရင် အဆိုတော်တွေထဲမှာ မချောစုခင် ရှိတယ်။ ဂယ်ပဲ ဂယ်ပဲသီချင်းကိုရေးတဲ့ တေးရေး ကိုဆလိုင်းက ကျွန်တော်တို့အစ်ကို အကြီးဆုံး၊ ယူရီနဲ့ ကေကေမိုးတို့ကလည်း အမျိုးတွေပါပဲ။
 
 
ငယ်ငယ်တုန်းက မိသားစုတွေ အမျိုးတွေ အကုန်လုံးစုပြီးနေကြတာ အမှတ်တရပဲ။ နေ့ခင်းဖက်ဆိုရင် တရုတ်သိုင်းကားထဲက သိုင်းသမားတွေလို သိုင်းတွေချကြ၊ အဒေါ်(ချောစုခင်အမေ)စိုက်ထားတဲ့ ပန်းပင်တွေကို ဆွဲနှုတ်ပြီးတော့ သိုင်းကျင့်ကြတာ ကွမ်းပင်က ပြုတ်ကျတဲ့ ကွမ်းလျက်ပေါ်ထိုင်ပြီး တစ်လှည့်စီ ဆွဲကြ၊ ဆော့ကြတာ တကယ့် အမှတ်တရတွေပါ။
 
 
 မောင်နှမများတဲ့ အားသာချက်က အထီးမကျန်ရဘူး။ ငယ်ငယ်တုန်းကဆို ရန်ဖြစ်တယ်။ အဆင့်ဆင့် အကြီးကနေအငယ်ကိုအုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့ သွားတာဆိုတော့လေ။ ကျွန်တော်တို့ကလည်း ဆရာကြီးတွေပေါ့။ အခုတော့ အဆင်ပြေသွားပြီ။
 
 
ရပ်ကွက်ထဲမှာ လမ်းထဲမှာ တစ်ယောက်ယောက်က ရန်ဖြစ်ခဲ့ပြီဆိုရင် မောင်နှမတွေ အုပ်စုလိုက်ကြီး လိုက်သွားတာ။ ကျွန်တော်တို့ မောင်နှမတွေက အရမ်းစည်းလုံးကြသလို၊ အရမ်းလည်း ရန်ဖြစ်ကြတာပေါ့။
 
 
ညီအစ်ကိုတွေက အသက်လည်း သိပ်မကွာကြတော့ သူငယ်ချင်းတွေလို ပိုပြီး ပေါင်းဖြစ်ကြတယ်။