Primary tabs

Beauty Review

Wet & Wild Colour Icon Blush


Wet & Wild  က အသစ်ထုတ်လိုက်တဲ့ Colour icon blush လေးရဲ့ အားသာချက်တွေကတော့ ပါးမို့မို့လေးတွေနဲ့ ပါးအို့နီနီလေးတွေ ဖြစ်စေဖို့ ပိုးသားကဲ့သို့ နူးညံ့တဲ့ powder မှုန့်လေးများကို လှပစွဲမက်စရာ အရောင်အသွေးများနှင့် ပေါင်းစပ်ထုတ်လုပ်ထားတဲ့အတွက် ပါးလေးမို့မို့လေးလှနေဖို့ကို wet&wild ကတာဝန်ယူပေးမှာပါ။ Glow ဖြစ်စေတဲ့ အလက်အလက်အမှုန်ငယ်လေးတွေ ပါဝင်လို့ ခြယ်သပြီး ပါးပြင်လေး ဝင်းလက်နေစေပါတယ်။ Maximum colour formula ဖြင့် ပြုလုပ်ထားတဲ့အတွက် အရောင်ထွက်ကတော့ ပြောစရာ မလိုအောင်လှပြီး တနေကုန်ကြာရှည်ခံပါတယ်။

Wet & Wild Mega Glo  Contouring Powders


အရောင်နှစ်မျိုးပါတဲ့ contouring powders လေးကတော့ အချိန်အများကြီး ပေးစရာမလိုပဲ မိနစ်အနည်းငယ်အတွင်းမှာပဲ လှပတဲ့ နှာတံလေးနှင့် သွယ်လျနေတဲ့ မျက်နှာအလှကို ဖန်ဆင်းပေးပါတယ်။ အရောင်အနုလေးကို နှာတံပေါ်၊ နဖူးပြင် နှင့် မျက်လုံးအောက်တဝိုက်တွင် လိမ်းခြယ်ပေးပြီး ပေါ်လွင်ထင်ရှားနေတဲ့ မျက်နှာလေးကို ရရှိစေပါတယ်။ ဗူးမှာပါတဲ့ အရောင်ရင့်လေးကိုတော့ မေးရိုးအောက်၊ မေးနှစ်ထပ်နေရာနှင့် ပါးရိုးအောက် နေရောလေးတွေကို လိမ်းပေးပြီးသွယ်လျသော V Shape မျက်နှာလေးကို ရရှိစေပါတယ်။ အညိုရောင်လေး နှင့် နှာတံတစ်ဖက်တစ်ချက်စီကို ဖြန်လိမ်းပေးပြီး နှာတံစင်းစင်းလေးကို ပုံဖော်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ အလှအတွက်  Wet & Wild Mega Glo Contouring Palette လေးကိုဆောင်ထားလို့ ရပါတယ်။

Wet & Wild Mega Glo Makeup Stick  


Mega Glo makeup stick လေးကတော့ သဘာဝအတိုင်းကြည်လင်တဲ့ အသားအရေကို ရရှိစေတဲ့အပြင်  ဒီ stick လေးနှင့်ပဲ အရောင်တင် highlight အဖြစ်အသုံးပြုခြင်း၊ မျက်နှာမေးရိုးချရာအတွက် contour အဖြစ် အသုံးပြုခြင်း၊ အမာရွတ်၊ အမဲစက်၊ အရေးကြောင်းတွေကို  ဖုံးအုပ်ရန် conceal အဖြစ်ပါ ပုံစံအမျိုးမျိုး အသုံး ပြုနိုင်သလို အသုံးဝင်ပါတယ်။ အားသာချက်လေးကတော့ Conceal, Highlight နှင့် Contour အမျိုးမျိုး အသုံးပြုနိုင်တဲ့အပြင် ရေရှည်ခံခြင်း၊ ချွေးကြောင်းများ မဖြစ်ပေါ်စေပဲ တနေ့လုံးမျက်နှာပေါ်မှာ စွဲမြဲလှပနေစေပါတယ်။

Zain (Goldberry Essence)


Zain (Goldberry Essence) ကတော့ လင်ဇီးမှို ပါဝင်တာကြောင့် syenrdy ကို ပိုမို ကောင်းမွန်စေပြီး ဆေးဖက်ဝင်တိုင်းရင်းဆေး ရှစ်မျိုး၊ သာမန်ထက် ၃ဆ အစွမ်းထက်သည့် ရွေဝါရောင်နှစ်ရှည်ဂျင်ဆင်းကြောင့်  အရေပြားကို ထိန်းသိမ်းပြုပြင်ပေးပြီး သွေးလည်ပတ်မှု အထူးကောင်းမွန်စေပြီး အသားအရေကို တင်းရင်းစိုပြေစေပါတယ်။ အဓိကကတော့ အသားအရေကို အာဟာရဓာတ်အပြည့်အဝပေးနိုင်တာကြောင့် အသားအရေအတွင်းပိုင်းအထိ ဆဲလ်များကို active ဖြစ်စေပြီး အရေးအကြောင်း အတွက်ပါ ကောင်းမွန်စေပြီး အသားအရေ တင်းရင်း စိုပြေလှပစေပါတယ် Goldberry Essence လေးကို Day & Night  အသုံးပြုနိုင်ပါတယ်။

SECERT GARDEN
Snow Whitening Serum


Snow whitening serum လေးကတော့ မျက်နှာအသားအရေပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ဆဲလ် အသစ်များကို ပြန်လည် ဖြစ်ပေါ်စေတဲ့အတွက် makeup မကြိုက်တဲ့ သူတွေအတွက်တော့ အထူးသင့်လျော်ပါတယ်။ မျက်နှာသစ်ပြီးနောက် Toner အသုံးပြုပြီး snow whitening serum လေးကို လိမ်းပေးထားခြင်းဖြင့် နေရောင်ခြည်ကို ကာကွယ်ပေးပြီး မျက်နှာကိုကြည်လင်ဝင်းပစေပါတယ်။ ဆဲလ်အသေများ မရှိတော့ပဲ ဆဲလ်အသစ်များ ပြန်လည်ဖြစ်ပေါ်ပေးနိုင်တဲ့ အတွက် မျက်နှာပေါ်ရှိ အရေးကြောင်း အမဲစက် အမာရွတ်တွေကိုပါ သက်သာစေနိုင်ပါတယ်။ မျက်နှာအနံ့နှိပ်နယ်လိမ်းပေးခြင်းဖြင့် နူးညံ့ဝင်းမွတ်တဲ့ အသားအရေကိုရရှိမှာပါ။

Essence Lingerie Detergent


Essence Lingerie Detergent Product လေးကတော့ အတွင်းခံလေးတွေလျှော်ဖို့ အထူးသီးသန့် ဖော်စပ်ထုတ်လုပ်ထားတာပါ။ အမျိုးသမီး အတွင်းခံသာမက အမျိုးသားအတွင်းခံ များလည်း လျှော်နိုင်ပါတယ်။ Essence Lingerie လေးမှာ ပါဝင်တဲ့ ထူးခြားတဲ့ အစွမ်းအာနိသင်တွေကတော့ - PH Balance ပါသောကြောင့် အ၀တ်အထည်တွေရဲ့ အရောင်အရည်အသွေးကို ထိန်းညှိ ပေးပါတယ်။ UV Protection ပါဝင်သောကြောင့် အ၀တ်အထည်တွေကို ခရမ်းလွန်ရောင်ခြည်ကြောင့် အရောင်လွင့်ပြယ်ခြင်းမှ ကင်းဝေးစေပါတယ်။ မမြင်နိုင်တဲ့ ပိုးမွှားလေးတွေကိုလည်း သေစေနိုင်ပြီး ပိုးမွှားတွေကရရှိတဲ့ ဆိုးကျိုးတွေကို သက်သာစေပါတယ်။ အနံ့ဆိုးတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

Essence Liquid Detergent (For Black & Dark Fabric)


အနက်အရောင် သာမက အရောင်ရင့် အ၀တ်အထည်တွေကို နဂိုအရောင်အသွေးအတိုင်း အရောင်ကျခြင်းမရှိပဲ နက်မှောင်တောက် ပြောင်စေပါတယ်။  PH Balance ပါဝင်တာကြောင့် အ၀တ်အထည်များရဲ့ အရည်အသွေးနှင့် အရောင်အစင်းတွေကို ကောင်းစွာ ထိန်းညှိပေးပါတယ်။ UV Protection ပါဝင်သောကြောင့် အထည်များကို  ခရမ်းလွန်ရောင်ခြည်ကြောင့် အရောင်ပြောင်းလဲခြင်းတွေက ကာကွယ်ပေးပါတယ်။  Anti Redeposition Agent (Sodium Polyacrylate) ပါဝင်သောကြောင့် အ၀တ်အထည်များကို ပိုမို နူးညံ့ပျော့ပြောင်းစေပါတယ်။ အ၀တ်အထည်များ လျှင်မြန်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။