Primary tabs
ဆောင်းရာသီနှင့်သဘာဝအသားအရေထိန်းသိမ်းခြင်း
ရာသီဥတုအပြောင်းအလဲရဲ့  အချိန်အခိုက်အတန့် ခဏလေးကိုခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ပူနွေးတဲ့ အချိန်ကာလကနေရုတ်တရက် အအေးဖက်ကိုကူးပြောင်းတဲ့ အခါ အားအသားအရေရဲ့ ခံနိုင်စွမ်းရည်ကရုတ်တရက်ပြောင်းလဲတာမို့  skin problem တွေဖြစ်လာတတ်ပါတယ်။ အသားရေပြသနာတတ်တတ်တဲ့ သူတွေအတွက်တော့ ဆောင်းရာသီက ပြသနာရှိတတ်ပါတယ် ပုံမှန် ထက် ခြောက်သွေ့တဲ့လေရဲ့ အထိအတွ့က အသားအရေကို ပိုမိုခြောက်သွေ့ဖို့ တွန်းအားပေးနိုင်ပါတယ်။နွေရာသီမှာတိုက်တဲ့လေက ပူနွေးတာကြောင့် သွေးကြောလေးတွေက လှည့်ပတ်မူ့ကောင်းပြီး စိုပြေကြည်လင်တဲ့အသားအရေကိုရရှိစေပါတယ် ဆောင်တွင်းရောက်တဲ့အခါ အအေးဓာတ်ရောယှက်လာရခြင်းကြောင့် သွေးကြောလေးတွေ မာတင်းလာပြီး သွေးလှည့်ပတ်မူ့ကို ဆတ်တောတ်ဆတ်တေက်ဖြစ်စေတာမို့ အသားပရေခြောက်တာကိုပိုဖြစ်စေပါတယ် ။
         ဒီတော့ မျက်နှာအရေပြားပဲ ဖြစ်ဖြစ် ကိုယ်ခန္ဓာပဲ ဖြစ်ဖြစ်သေ ချာဂရုစိုက်ဖို့လိုအပ်ပါတယ် သဘာဝနည်းလမ်းတွေရယ် skincareတွေရဲ့ အကူညီတွေနဲ့ သွေးကြောလေးတွေလှည့်ပတ်မူ့အားကာင်းအောင် လုပ်ဆေင်ပေးဖ်ု့လိုအပ်ပါတယ်။ ဒါမှ သာ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသားအရေခြောက်တာ ညစ်နွမ်းတာ ခြေထောက်ကွဲတာ ပက်ကြားအစ်သလိုလေးတွေဖြစ်တာက ကာကွယ်နိုင်မှာပါ ။သဘာဝနည်းလမ်းတွေကတော့ အများကြီးရှိပါတယ် ဒီအထဲက ဗီတာမင်တွေ အပြည့်ဝဆုံး ဖြစ်တဲ့ အသီးနှံတွေနှင့် ကုသလို့ ရမယ့် အမျိုးအစားလေးတွေကိုရွေးချယ်ပြီး သက်သာအောင်ပြုလုပ်သင့်ပါတယ် ။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်ဓာတ်တွေက အသားအရေပေါ်ရှိ အမဲစက် တင်းတိတ် ၀က်ခြံတွေကို သက်သာစေရုံမကပဲ အသွေးလှည့်ပတ်မူ့ အားကောင်းအောင်လည်းကူညီဖေးမပေးပါတယ်။ ခရမ်းချဉ်သီးရဲ့ အအေးဓာတ်က ခြောက်သွေ့ နေတဲ့ အသားအရေအတွက် ပြန်လည် စိုပြေလာစေပါတယ်။ခရမ်းချဉ်သီးက ဆဲလ်သေတွေကိုဖယ်ရှားပေးတဲ့ antioxidant လည်းပါဝင်နေပါတယ်။
အသုံးပြုပုံ။ ။ခရမ်းချဉ်သီးကို အတွင်းထဲမှ အစေ့လေးတွေထုတ်ပြီး ကျိတ်ပေးရပါမယ် ခရမ်းချဉ်သီးအနှစ်လေးတွေရလာရင်တော့ မျက်နှာ တပြင်လုံးကို သုတ်လိမ်းပေးပါ ။၁၀မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။
သံပုရာသီးနှင့်သံလွင်ဆီ
အသုံးပြုပုံ။ ။သံလွင်ဆီကို ဇွန်းလေးနှင့် တစ်မျက်နှာစာ လုံလောက်အောင်ယူပြီး ပုဂံလုံးအသေးလေးတစ်လုံးထဲထည့်ပါ။ ပြီးရင်တော့သံပုရာသီး ပမာဏအနည်းငယ်ကို အရည်ညစ်ပြီး နှစ်ခုသမအောင်ရောပြီးမျက်နှာပြင်မှာလိမ်းပေးပါ။ရေပြန်ပြီးဆေးချဖို့ မလိုပါ။
ဆန်းကစ်သီး
လိမ္မော်သီးရဲ့မျိုးနွယ်စုတစ်ခုဖြစ်ပြီး အသားအရေကိုကြည်လင်ချောမွေ့စေရုံမက ရေဓာတ်ကိုအပြည့်ဝပေးပြီး အသားအရေရောင်ရမ်းခြောက်သွေ့ခြင်းကိုအထူးကာကွယ်ပေးပါတယ် စိတ်ကိုလည်းကြည်လင်စေပါတယ်။ဆောင်းတွင်းမှာ ခြောက်သွေ့ နေတဲ့ အသားအရေတွေအတွက်တော့ ကောင်းမွန်စေတဲ့ သဘာဝ အသီးပါ။
အသုံးပြုပုံ။ ။ ဆန်းကစ်သီးလေးတွေကို အစိတ်ကလေးလှီးပြီး အရေကို မျက်နှာပေါ် အစက်ချ လိမ်းပြီး နှိပ်နယ်ပေးပါ ၅မိန်စ် ခန့် လိမ်းပေးပြီးရင် အေးစက်တဲ့ အထိအတွေ့ကိုခံစားရမှာပါ ရေပြန်ဆေးချရန်မလိုပါ။
ထောပတ်သီး၊သဘောင်္သီးနှင့်ပျားရည်
ထောပတ်သီးရဲ့ အဆီအနှစ်က အရေပြားအပေါ်ယံရှိ ခြောက်သွေ့ ပျက်စီးမူ့ ကိုကာကွယ်ပေးနိုင်ပြီး သဘာင်္သီးကရရှိတဲ့ အအေးဓာတ်က အသားအရေအတွင်းပိုင်းအထိ အေးမျှမူ့ ပေးပြီး သွေးလှည့်ပတ်မူ့ ကောင်းမွန်စေပါတယ်။ပျားရည်ကအသားအရေကို ညီညာချောမွေ့ စေပြီး အမဲစက်များကင်းစေတဲ့အပြင် အစိုဓာတ်ကိုထိန်းထားပေးနိုင်လို့  ခြောက်သွေ့ ခြငိးကို များစွာသက်သာစေပါတယ်။
အသုံးပြုပုံ။ ။ ထောပတ်သီး၊သဘောင်္သီးနှင့်ပျားရည်ကို အားလုံးဆတူရောမွေပြီး မျက်နှာတဝိုက်နှင့် လည်ပင်း အထိ (၁၅)မိနစ်ခန့် သုတ်လိမ်းထားပေးပါ ပြီးမှရေနွေးနွေးလေးနှင့်ဆေးချလိုက်ပါ။
ဂျူံနှင့်သခွားသီး
သခွားသီးက မျက်နှာကို အဆီပြန်မူ့ ကင်းဝေးစေတဲ့အပြင် သခွားသီးမှာပါဝင်တဲ့ အစိုဓာတ်က ရေဓာတ်ကို အပြည့်ဝရရရှိစေပြီး မျက်နှာ အသားအရေကိုညီညာချောမွတ်စေပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပေးပါသေးတယ်။ဂျူံကတော့ မျက်နှာ အသားအရေကို ပျော့ပျောင်းနူးညံ့စေပြီး  သွေးလှည့်ပတ်မူ့ အားကောင်းစေပါတယ်။
အသုံးပြုပုံ။ ။ သခွားသီးကို ပထမဆုံးအရည်ညစ်ရပြီး ရလာတဲ့ အရည်ကို ဂျူံပမာဏ အနည်းငယ်ရောပါမယ် ပြီးရင်တော့မျက်နှာအနှံ့ ပြားကို လိမ်းပေးပါ ၁၅မိနစ်ထားပြီးခြောက်သွားပါက ရေဖြင့်သစ်ချလိုက်ပါ။
ဂျင်းဆင်းအမြစ်
ဂျင်းဆင်းက ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ အပြည့်ဝပေးစွမ်းနိုင်တဲ့ သဘာဝဆေးမြစ်တစ်မျိုးပါ။သွေးလှည့်ပတ်မူ့ အားကောင်းစေပြီး ဆဲလ်သေများကို အထိရောက်ဆုံးဖယ်ရှားပေးပါတယ်။အရေပြားကို အသစ်ပြန်လည်မွေးဖွားပေးနိုင်ပြီး နူးညံ့စိုပြေမူ့ ကိုပေးစွမ်းပါတယ်။ Anto Aging  Effectကြောင့် အရေးကြောင်းတွေ ၊အရေပြားတွန့် တာတွေ၊ နှင်းခူ၊ဝက်ခြံ၊ အရေပြားခြောက်သွေ့ ကြမ်းတမ်းတာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ အဆီပြန်မူ့ ကိုလည်းထိန်းညှိပေးပါတယ်။
အသုံးပြုပုံ။ ။ ဂျင်းဆင်း အမြစ်လေးကို ရေပူလေးနဲ့ ပထမဆုံးစိမ်ထားပေးပါ ပြီးရင်တော့ အဝတ်စလေးနှင့် မျက်နှာကို အုပ်ပြီး ၃လေးကြိမ်ပြူလုပ်ပေးပါ။ရေပြန်ဆေးချဖို့ မလိုပါဘူး။