Primary tabs

မျက်စိတစ်မှိတ် လျှက်တပြက်အတွင်း - ၁

MMA

အလှအပကို ထိမ်းသိမ်းပြုပြင်ခြင်းဆိုတာ ၂၁ ရာစုရဲ့ ခေတ်ရေစီးကြောင်းထဲမှာ ထင်ပေါ်လာတဲ့ အမျိုးသမီးထုသာမက အမျိုး သားများပါ စိတ်ဝင်စားလာတဲ့ ခေါင်းစဉ်တစ်ခုပါ။ အာရှမှာ ကျော်ကြားလှတဲ့ အလှအပဆိုင်ရာပြုပြင်မှုတွေကို ပြုလုပ်တဲ့နေရာမှာ ထိုင်း နိုင်ငံကလည်း ထင်ရှားပါတယ်။ မျက်စိတစ်မှိတ် လျှက်တပြက်အတွင်းမှာဘဲ ပြောင်းလဲသွားနိုင်တဲ့ အလှအပများကို ဖန်တီးလို့ နည်းပညာ ခေတ်ကို ရောက်ရှိခဲ့ပါပြီ။ အလှအပပြုပြင်မှုဆိုတာ အနုပညာရှင်များအတွက်သာလို့ သာမှတ်ထားချက်က ဟိုးခပ်ဝေးဝေးမှာ ကျန်ခဲ့ပါပြီ။ သာမာန်လူတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုဘ၀ပုံစံထဲမှာလည်း အလှအပကို ထိမ်းသိမ်းပြုပြင်ခြင်းဟာလည်း အကြောင်းအရာတစ်ခုအဖြစ် ပြု လုပ်လာခဲ့ပါပြီ။ ပြည်ပကိုသွားပြီး ပြုလုပ်မှဆိုတဲ့ မလွယ်ကူမှုမျိုးမရှိတော့ဘဲ ပြည်တွင်းမှာပဲ ကုန်ကျစရိတ်ကနေ အချိန်အားလပ်မှုစတာ တွေကို ငဲ့ကွက်စရာမလိုဘဲ ဆွေးနွေးပြုပြင်နိုင်တဲ့ အလှအပဆိုင်ရာဆေးခန်းများ၊ ပြည်တွင်းမှာ မြောက်မြားစွာရောက်ရှိနေခဲ့ပါပြီ။ အလှ အပကို စိတ်ဝင်စားကြတဲ့ People စာဖတ် ပရိသတ်အတွက် အလှအပဆိုင်ရာဆေးခန်းများရဲ့အကြောင်းကို ယခုနှစ်သစ်ကနေစတင်ပြီး သက်ဆိုင်ရာဆေးခန်းများရဲ့ အလှအပဆိုင်ရာကျွမ်းကျင်သူများနဲ့တွေ့ဆုံပြီး မေးမြန်းတင်ဆက်သွားမယ့်အစီအစဉ်များကို ဖော်ပြပေးသွား မှာဖြစ်တဲ့အတွက် ယခုလမှာတော့ Nitipon ရဲ့ အလှအပဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာဝင်းမာလာမျိုးနဲ့ မေးမြန်းဖြစ်ခဲ့တာလေးတွေထဲ က စိတ်ဝင်စားဖွယ်ရာ အလှအပဆိုင်ရာ ဗဟုသုတများကို မျှဝေလိုက်ပါတယ်။ နီတီပွန်ဆိုကတော့ ၁၉၉၁ ခုနှစ် ကတည်းက Bangkok မှာ စတင်တည်ထောင်ခဲ့ပြီး နာမည်ရနေတဲ့ Brand တစ်ခုအဖြစ် Branch မြောက်မြားစွာနဲ့ အောင်မြင်ကျော်ကြားတဲ့ ဆေးရုံတစ်ခုလို့ သိရှိ ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၂ မေလထဲမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

-          ပထမဆုံးမေးချင်တာကတော့ ဆရာမရဲ့အတွေ့အကြုံအရဆိုရင် မြန်မာတွေက ဘယ်လိုအလှအပဆိုင်ရာပြုပြင်မှုမျိုးကို စိတ်ဝင် စားကြပါလဲ။

စိတ်ဝင်စားမှုပုံစံကတော့ အသက်အရွယ်ကိုလိုက်ပြီးတော့ ကွာခြားချက်တော့ ရှိကြပါတယ်။ အများအားဖြင့်ကတော့ ၀က်ခြံ ပြဿနာကြောင့်ရယ်၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းပြဿနာလေးတွေကို လာပြကြတာ များပါတယ်။ အသက် ၃၀၊ ၄၀ ၀န်းကျင်ကတော့ အရေးအကြောင်းလေးတွေကို လာပြကြတယ်။ အမျိုးသားတွေကတော့ ချွေးပေါက်ကျယ်တဲ့ ပြဿနာအတွက် လာ ရောက်ကြပါတယ်။ ကလေးတွေကတော့ ၀က်ခြံဖြစ်တာမျိုးတွေ လာပြကြပါတယ်။

-           နီတီပွန်က ၀န်ဆောင်မှုတွေကိုလည်း သိပါရစေ။

မျက်နှာအလှနဲ့ ပတ်သက်တဲ့ ၀က်ခြံ၊ တင်းတိတ်၊ အရေးကြောင်းကနေစပြီး နောက်ပိုင်းပေါ်လာတဲ့နည်းပညာ ပြောင်းလဲပေါ် ပေါက်လာတဲ့ Botex ၊ laser ၊ Filler စတဲ့ ၀န်ဆောင်မှုတွေအပြင် ၀ိတ်ချချင်တဲ့သူတွေအတွက်လည်း Weight Loss Program တွေ လည်း ပြုလုပ်ပေးပါတယ်။

-           အလှအပဆိုင်ရာမှာ ပြောကြတဲ့ Botex လုပ်တယ် ဆိုတာလေးတွေကိုတော့ ကြားဖူးနေပါတယ်။ အခုပြောပြသွားတဲ့ Laser တို့ Filler တို့ အဲဒါလေးတွေအကြောင်းကိုလည်း ပြောပြပေးပါနော်။

Botex ကတော့ အများသိကြသလိုပါပဲ။ အရေးကြောင်းအတွက်ပြုပြင်ပေးတဲ့ ဆေးပေါ့နော်။ Laser ဆိုတာကတော့ အခုနောက် ပိုင်းမှာပေါ်လာတဲ့ ချက်ချင်းသိသိသာသာ ကောင်းသွားတဲ့ Effect မြန်တဲ့ အလှအပဆိုင်ရာ ကုထုံးတစ်ခုပါ။ Filler ဆိုတာကတော့ အရေး အကြောင်းတွေကို ဖြည့်တင်းပေးတဲ့ ကုထုံးပါ။

-           လေဆာကုထုံးနဲ့ ပြုပြင်မှုအကြောင်းရယ် Filler နဲ့ ပြုပြင်မှုတွေက ဘယ်လိုအရာတွေကိုလှပအောင်ပြုလုပ်လို့ ရပါသလဲဆိုတာ ရယ်။ သူတို့မှာ အခြားဘယ်လို effect တွေ ရှိနိုင်လဲဆိုတာ လေးပြောပြပေးပါဦး။

လေဆာနဲ့ပစ်တယ်ဆိုတာနဲ့ ကြုံရတဲ့မေးခွန်းက Side Effect ရှိလား ဆိုတာပါဘဲ။ အလှအပဆိုင်ရာအတွက် သုံးတယ်ဆိုတဲ့ လေဆာဆိုတာက အန္တရယ်ရှိတဲ့ဟာမျိုးမဟုတ်ပါဘူး။ နီတီပွန်မှာသုံးတဲ့လေဆာက asia skin နဲ့ လိုက်တဲ့ဟာမျိုးပါ။ လေဆာပစ်ပြီးရင် အသားအရည်က အရင်ကထက် အရမ်းနူးညံ့ပြီး ပြောင်းလဲသွားတာကို သိသိသာသာခံစားရနိုင်ပါတယ်။ Side Effect မရှိပါဘူး၊ နေရောင် ထဲလည်း သွားနိုင်ပါတယ်။ ဒါပေမယ့် Sun screen လေးတော့ လိမ်းထားသင့်ပါတယ်။ နေပူထဲမသွားရဘူးတို့ ရေမချိုးရဘူးတို့ မရှိပါဘူး။ Filler ဆိုတာကတော့ မြင်သာအောင်ပြောရမယ်ဆိုရင် နှာခေါင်းရင်းနေရာမှာ ပြာနေတာကို Filler လေးထိုးပြီး ဖြည့်လို့ရတယ်။ ခွဲစိတ်စရာ မလိုပဲ မိနစ်အနည်းငယ်အတွင်းမှာ ကိုယ်လိုချင်တဲ့ ပုံစံလုပ်လို့ ရတာပေါ့။

နောက်မေးစေ့ဖြည့်ပေးတာ နှာခေါင်းဘေးမှာရှိတဲ့ အရေးအကြောင်းပါးပြင်နဲ့ နှုတ်ခမ်းသားတွေကိုဖြည့်ပေးတာပါ။ အချို့အရေး အကြောင်းတွေက  နည်းနည်းနက်ရင် Botex နဲ့ မရတဲ့အခါ Filler နဲ့ ဖြည့်တာ ပိုသင့်တော်တာပေါ့။ ၀က်ခြံကြောင့်ဖြစ်တဲ့ အချို့အမာရွတ် တွေကိုလည်း Filler နဲ့ ဖြည့်လို့ရပါတယ်။ V Shape အတွက် Botex တွေလုပ်လို့ရပါတယ်။ နောက် လူမသိသေးတဲ့အချက်တစ်ခုက အရေးအကြောင်းမရှိတဲ့ လူတွေအတွက်လည်း အသားအရေကို ပိုပြီးတင်းတင်းရင်းရင်းဖြစ်အောင် ပြုလုပ်လို့ရနိုင်ပါတယ်။

    

-           Laser က ဘယ်လိုကောင်းကျိုးတွေ ရရှိစေပါသလဲ။

Laser ပစ်ပြီးတော့ ကုသလိုက်ရင် အသားအရေပိုပြီးကြည်လာတယ်၊ ပိုကောင်းလာတယ်။ အသားအရေအညီတာတွေ၊ အမဲ စက်ဖြစ်တာတွေ၊ ချွေးပေါက်ဖြစ်လာတာတွေကို ပိုကောင်းလာစေပါတယ်။ လူတစ်ဦးချင်းစီကိုလိုက်ပြီး Laser အမျိုးမျိုးညွှန်ပြီး ပြုလုပ် ပါတယ်။

-           Laser တစ်ခါပစ်ပြီးသွားရင် သူ့ရဲ့သက်တမ်းက ဘယ်လောက်ကြာကြာခံပါသလဲ။

ဘယ်လောက်ခံတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အရင်ကထက်တော့ ပိုကောင်းလာမယ်။ ပုံမှန်လေးဂရုစိုက်ပေးရင် အမြဲလှ နေမယ်။ ပစ်စလက်ခတ်ထားမယ်၊ နေပူထဲသွားရင်လည်း ဘာမှမလိမ်းဘဲ၊ ကမ်းခြေသွားရင်လည်း ပစ်ထားမယ်ဆိုရင်တော့ ဆိုးရွားသွား မှာပဲလေ။ Laser ပစ်ပြီးတော့ ပုံမှန်အတိုင်းအသားအရေကို Skin Care လေးလုပ်မယ်။ နေပူထဲသွားရင် Sun Screen လေးပုံမှန်လူးမယ် ဆိုရင် အမြဲလှနေမှာပါ။ ပုံမှန်လုပ်ပေးဖို့တော့ မလိုပါဘူး။ ကိုယ်လိုချင်တဲ့ အသားအရေမျိုးရပြီဆိုရင် အဆင်ပြေပါတယ်။ နီတီပွန်မှာတော့ တစ်ခါချင်းလုပ်တာလည်း ရှိသလို၊ Package လိုက် လုပ်တာမျိုးတွေလည်း ပြုလုပ်ပေးပါတယ်။ အသားအရေနည်းနည်း ပျက်စီးနေတဲ့သူ တွေကတော့ စစဦးဆုံးလုပ်မယ်ဆိုရင်တော့ နှစ်ပတ်တစ်ခါလောက်လုပ်ရင် ပိုကောင်းနိုင်ပါတယ်။ အမြဲလုပ်စရာမလိုပါဘူး။ လုပ်ပြီးသွား ရင်လည်း ထပ်ခါထပ်ခါလုပ်နေဖို့ မလိုအပ်ပါဘူး။ ကိုယ်လိုချင်တဲ့အတိုင်းအတာ တစ်ခုခုရောက်ရင် ရပ်လိုက်လို့ရပါတယ်။ Laser လုပ်ပြီး သွားရင်တော့ မိတ်ကပ်လိမ်းလို့ အရမ်းကောင်းတာပဲ။

-           ခုနကပြောသွားတဲ့ Laser တို့ Botex လုပ်တာတို့ Filler တာတွေက ပြုလုပ်မယ်ဆိုရင် အချိန်အားဖြင့် ဘယ်လောက်ယူရပါလဲ။

Laser ကတော့ မိနစ် (၂၀)၀န်းကျင်လောက် ပဲအချိန်ကြာပါတယ်။ Botex က အများဆုံးကြာရင် (၄၅)မိနစ်ပါ။ Filler လည်း အဲဒီ အချိန်လောက်ပါပဲ။ ကုထုံးတစ်ခုခုပြီးသွားရင် အရမ်းဂရုတစိုက်ကြီးလုပ်ပြီး နေရမှာမျိုးမဟုတ်ပါဘူး။ ပုံမှန်အလုပ်တွေလည်း ဆက်လုပ်နိုင် တယ်။ မိတ်ကပ်လိမ်းရတဲ့သူဆိုရင်လည်း ပုံမှန်အတိုင်းမိတ်ကပ်ဆက်လိမ်းနိုင်ပါတယ်။ မရောင်ဘူး၊ နာကျင်မှုတွေလည်း မခံစားရပါဘူး။

-           နီတီပွန်ရဲ့ ၀န်ဆောင်မှုတွေထဲမှာ Customer တွေကြားထဲမှာ အကြိုက်ဆုံးဝန်ဆောင်မှုက ဘယ်လိုဝန်ဆောင်မှုမျိုးပါလဲ။

ဒီမှာတော့ Laser ကို ပိုပြီးစိတ်ဝင်တစားနဲ့ လာလုပ်လေ့ရှိပါတယ်။ သူ့ရဲ့ effect က အရမ်းကောင်းတော့ ချက်ချင်းသိသာ စေတော့ Customer တွေ ကြိုက်ကြတယ်။ ကျွန်မကိုယ်တိုင်လည်း Laser ကုထုံးနဲ့ ပြုလုပ်ဖြစ်တော့ ကြိုက်တယ်။ နောက်ပြီးတော့ Weight Loss Program ကိုလည်း လူကြိုက်များပါတယ်။ အဆီပိုတွေကို သောက်ဆေး၊ အဆီချေဖျက်ဆေး အမျိုးစုံနဲ့ ပြုလုပ်ပေးတဲ့ အစီ အစဉ်တွေကိုလည်း Customer တွေ ကြိုက်နှစ်သက်ကြပါတယ်။

-           အလှအပနဲ့ ပတ်သက်ပြီး ဆရာမအနေနဲ့ အကြံပြုချင်တဲ့ အခြားအချက်အလက်များရှိရင် ပြောပြပေးပါဦး။

အလှအပဆိုတာကတော့ ကျွန်မနားလည် လက်ခံထားသလိုပြောရရင် လှနေရင် ကိုယ့်ကိုကိုယ်ပိုပြီးတော့ ယုံကြည်မှုရှိတယ်လို့ ထင်ပါတယ်။ ယုံကြည်မှုရှိတဲ့အတွက် အရာရာမှာ ကိုယ်အဆင်ပြေနိုင်သလို အောင်မြင်မှုတွေလည်း ရရှိနိုင်တယ်လို့ထင်ပါတယ်။ လှပဖို့ အတွက်ဆိုရင် အဓိကအားဖြင့် အသက်အရွယ်ကိုလိုက်ပြီး ကြိုတင်ကာကွယ်သင့်တာ၊ စောင့်ရှောက်သင့်တာတွေကို ပြုလုပ်သင့်ပါတယ်။ အသက် (၂၀) ၀န်းကျင်အရွယ်တွေကတော့ သဘာဝအရကိုက အသားအရေကောင်းပြီးသား အရွယ်ဆိုတော့ သိပ်ပြီးတော့ ဂရုစိုက်လေ့ မရှိကြဘူး။ နည်းနည်းအသက်ကြီးလာတဲ့အခါ ဂရုမစိုက်ဖြစ်တဲ့ အသားအရေတွေက ပိုမိုရင့်ရော်အရေးအကြောင်းတွေဖြစ်လာစေတယ်။ အဲဒီအခါကျရင် ကုသမှုတွေရှိပေမယ့် ကောင်းမွန်စဉ်အခါကတည်းက ကြိုတင်ကာကွယ်ထားလိုက်နိုင်တာ ပိုကောင်းပါတယ်။ နေပူထဲကို မဆင်မခြင်သွားတာမျိုး မဟုတ်ဘဲ Sun Block လေးနဲ့ ကာထားလိုက်မယ်ဆိုရင် နေကြောင့်ဖြစ်တဲ့ Anti-aging တွေကို ကာကွယ်ပြီး သားဖြစ်သွားနိုင်ပါတယ်။ ငယ်တဲ့သူတွေက အစိုဓာတ်ပါတဲ့ Cream လေးတွေလိမ်းပြီး ကာကွယ်ထားမယ်။ ကြီးတဲ့သူတွေက Skin Care လေးလိမ်းပြီး ထိန်းထားတာတွေ ပြုလုပ်နိုင်ပါတယ်။ နောက်ထပ်ဖြည့်စွက်ပြောချင်တာကတော့ နီတီပွန်ဆိုတာ Branded ဖြစ်ပြီးသား  Bangkok မှာလဲ ဒီကနေသွားလုပ်ကြတဲ့သူတွေ ရှိနေတော့ အခုရန်ကုန်မှာရှိနေပါပြီ။ သွားစရာမလိုတော့ဘဲ နည်းပညာအရရော၊ ဈေးနှုန်း အရရော၊ Bangkok နဲ့အတူတူပဲ။ ဆေးခန်းဖွဲ့စည်းထားပုံအရကိုက Bangkok က ဆေးခန်းနဲ့ပုံစံ အတူတူပါပဲ။